ဂျပန်ပင်လယ်ပြင်တွင် ပျက်ကျခဲ့သော စစ်လေယာဉ်၏ Black Box ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်ပြော
Pika (NSS) - ဇန်နဝါရီ ၄
ပြီးခဲ့သည့် နိုဝင်ဘာလက ဂျပန်ပင်လယ်ပြင်တွင် ပျက်ကျခဲ့သော စစ်သား (၈)ဦးလိုက်ပါလာသည့် Osprey အမျိုးအစား စစ်လေယာဉ်၏ black box ကို ပြန်လည်တွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်က ဇန်နဝါရီလ(၄)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုဖြစ်ပွားပြီးနောက် သီတင်းပတ်(၅)ပတ်အကြာတွင် အမေရိကန်စစ်တပ်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အမေရိကန်လေတပ် အထူးစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ရီဘတ်ကာဟေးဆီက "စုံစမ်းစစ်ဆေးရေးအရာရှိတွေဟာ black box လို့ခေါ်တဲ့ Voice and Data Recorder အပါအဝင် အရေးကြီးတဲ့ ပစ္စည်းတွေကိုပြန်လည်တွေ့ရှိထားပါတယ်။ ဒီပစ္စည်းတွေကို AFSOC မှာ ခွဲခြမ်းစိတ်ဖြာမှုတွေလုပ်ဆောင်ပြီး ဒေတာတွေပြန်လည်ရယူနိုင်ဖို့အတွက် ဓါတ်ခွဲခန်းတွေဆီ သယ်ဆောင်သွားမှာပါ။ ခွဲခြမ်းစိတ်ဖြာမှုလုပ်ငန်းစဉ်ဟာ သီတင်းပတ်များစွာ ကြာမြင့်နိုင်ဖွယ်ရှိတယ်လို့ ကျွန်မတို့ ခန့်မှန်းထားပါတယ်"ဟုပြောဆိုခဲ့သည်။
Osprey အမျိုးအစား စစ်လေယာဉ်ပျက်ကျပြီးနောက် စစ်သား(၇)ဦး၏ ရုပ်အလောင်းကို ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီး (၈)ယောက်မြောက်စစ်သားကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း ရီဘတ်ကာဟေးဆီက ပြောကြားခဲ့သည်။ Osprey အမျိုးအစား စစ်လေယာဉ်သည် နိုဝင်ဘာလ(၂၉)ရက်တွင် ဂျပန်နိုင်ငံတောင်ပိုင်းရှိ ပင်လယ်ပြင်မှာ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ရဟတ်ယာဉ် သို့မဟုတ် turboprop လေယာဉ်ကဲ့သို့ လုပ်ဆောင်နိုင်သော Osprey အမျိုးအစားစစ်လေယာဉ်သည် မကြာသေးမီနှစ်များအတွင်း မတော်တဆမှုများစွာ ဖြစ်ပွားခဲ့ဖူးကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၀၂၃ ခုနှစ်အတွင်း YBS ယာဉ်မောင်းများ၏ မချေမငံပြောဆိုမှုများ အပါ အဝင် အမှုပေါင်း (၃၂၀၀၀)ကျော်ကို အရေးယူထားကြောင်း YRTC ဆို
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း