Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ပင်လယ်နီအတွင်း အမေရိကန်ရေတပ် နှင့် ဟူသီလက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဟူသီလက်နက်ကိုင် (၁ဝ)ဦး သေဆုံး

Pika (NSS) - ဇန်နဝါရီ ၁ 

အမေရိကန်ရေတပ် ရဟတ်ယာဉ်များသည် ယီမင်ကမ်းလွန်ပင်လယ်ပြင်တွင် ကုန်တင်သင်္ဘောတစ်စီးကို တိုက်ခိုက်ခဲ့သော အီရန်ကျောထောက်နောက်ခံပြုဟူသီလက်နက်ကိုင်အဖွဲ့၏ သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်တပ်က ဒီဇင်ဘာလ(၃၁)ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ဝင်(၁၀)ဦးသေဆုံးခဲ့ကြောင်း ယီမင်သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။ ပင်လယ်နီအတွင်းသွားလာနေသော ကုန်တင်သင်္ဘောများကို ဟူသီလက်နက်ကိုင်အဖွဲ့၏ တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက် နိုင်ငံပေါင်းစုံပါဝင်သည့် ရေတပ် တပ်ဖွဲ့တစ်ခုကို အမေရိကန်၏က ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်း ပထမဆုံးအကြိမ်လူအသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အစ္စရေး-ဟားမက်စစ်ပွဲတွင် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံသည့်အနေဖြင့် ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ဒရုန်းများ၊ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။ အစ္စရေး-ဟားမက်စစ်ပွဲနှင့်ပတ်သက်ပြီး ယီမင်အခြေစိုက် ဟူသီ လက်နက်ကိုင်အဖွဲ့၏ ကုန်တင်သင်္ဘောများကို တိုက်ခိုက်မှုများသည် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ၏ (၁၂) ရာခိုင်နှုန်းရှိသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို အန္တရာယ်ဖြစ်စေခဲ့ကြောင်းလည်း သိရသည်။ 


အမေရိကန်ရေတပ်သည် (၂၄)နာရီအတွင်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရသော စင်ကာပူအလံလွှင့်တင်ထားသည့် ဒိန်းမတ်နိုင်ငံပိုင် ကွန်တိန်နာသင်္ဘော Maersk Hangzhou ၏ အကူအညီတောင်းခံမှုများကို ချက်ချင်း သွားရောက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ်က ပြောကြားခဲ့သည်။ 

ကွန်တိန်နာသင်္ဘော Maersk Hangzhou သည် အစောပိုင်းတွင် သင်္ဘောဖျက် ပဲ့ထိန်းဒုံးကျည်နှစ်စင်းဖြင့် ပစ်မှတ် ထားတိုက်ခိုက်ခံခဲ့ရကြောင်းလည်း သိရသည်။ ဒုံးကျည်တစ်စင်းကို အမေရိကန်စစ်တပ်က ပစ်ချနိုင်ခဲ့သော်လည်း အခြားတစ်စင်းမှာ ကွန်တိန်နာသင်္ဘော Maersk Hangzhou ကို ထိမှန်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဟူသီလက်နက်ကိုင်အဖွဲ့၏ သင်္ဘောများသည် အမေရိကန်ရေတပ် ရဟတ်ယာဉ်များကို ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

အမေရိကန်ရေတပ် ရဟတ်ယာဉ်များက လက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီး ကွန်တိန်နာသင်္ဘော၏ မီတာ (၂ဝ)အတွင်းရောက်ရှိလာသော ဟူသီလက်နက်ကိုင်အဖွဲ့သင်္ဘောငယ်(၄)စီးအနက် သုံးစီးကို နှစ်မြုပ်ပစ်နိုင်ခဲ့ ကြောင်း သိရသည်။ တိုက်ခိုက်မှုအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့၏ သင်္ဘောငယ်သုံးစီးပေါ်မှ သင်္ဘောအားလုံး သေဆုံးခဲ့ပြီး လေးစီးမြောက်မှာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ 

ယီမင်နိုင်ငံရှိ ဟူသီထိန်းချုပ်ထားသော Hodeida ဆိပ်ကမ်းမှ အမည်မဖော်လိုသော သတင်းရင်းမြစ်က "Hodeida ဆိပ်ကမ်း ကမ်းလွန်မှာ ကွန်တိန်နာသင်္ဘောကို တားဖို့ကြိုးပမ်းခဲ့တဲ့ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့သင်္ဘောတွေကို အမေရိကန်ရေတပ်က တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ တိုက်ခိုက်မှုအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့ဝင် (၁ဝ) ဦး သေဆုံးခဲ့ပြီး အခြား(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်" ဟု ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တည်ငြိမ်သောဆက်ဆံရေးများအတွက် အမေရိကန်နှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ထုတ်ဖော်ပြော

RELATED POSTS
RECENT POSTS
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်းနှင့် စစ်မြေပြင်ချဲ့ထွင်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်း MNDAA အတည်ပြု
19 Sep 2024
ရေကြီးမှုဒဏ် တွေ့ကြုံခံစားနေရသည့် မြန်မာနိုင်ငံသားများကို အရေးပေါ်ကူညီထောက်ပံ့ပေးသွားမည်ဟု WFP ပြော
19 Sep 2024
ရှင်မဖြူကျိန်စာသင့် ဘီဂမ်ရှိတ် ဟာစီနာဝါဇစ် (အပိုင်း - ၂)
19 Sep 2024
ယူရေးရှားအတွက် ပထဝီဝင် စီးပွားရေးအကျိုးအမြတ်များကို ဖန်တီးပေးမယ့် INSTC စင်္ကြံလမ်း (ဘာသာပြန်ဆောင်းပါး)
19 Sep 2024
မိသားစုလွှဲပို့ငွေကိစ္စကြောင့် အေဂျင်စီများ အလုပ်လုပ်ရာတွင် ပိုကျပ်တည်းလာပြီး အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည့် စနစ်ကို ဘဏ်များမှ အကောင်အထည်ဖော်သင့်ဟုဆို
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved