Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တည်ငြိမ်သောဆက်ဆံရေးများအတွက် အမေရိကန်နှင့်လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတ ထုတ်ဖော်ပြော

Pika (NSS) - ဇန်နဝါရီ ၂

တရုတ်နှင့် အမေရိကန်နိုင်ငံကြား တည်ငြိမ်သော အပြန်အလှန်ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန်အတွက် အမေရိကန်နိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း တရုတ်သမ္မတရှီကျင်ဖျင့်က ဇန်နဝါရီလ (၁)ရက်တွင် ထုတ်ဖော်ပြောခဲ့သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး နှစ်ပတ်လည်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် နှင့် အပြန်အလှန်ဂုဏ်ပြုစကားများကို ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများ က ဖော်ပြခဲ့သည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ရှီကျင့်ဖျင်နှင့် ဂျိုးဘိုင်ဒန်တို့သည် ဆန်ဖရန်စ္စကို မြို့တွင် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကြား ပဋိပက္ခများ မဖြစ်ပွားစေရန်အတွက် ပြိုင်ဆိုင်မှုများကို ရပ်တန့်ရန်ကြိုးပမ်းမှုအဖြစ် အပြန်အလှန်ဆက်သွယ်မှုများ ကို ပိုမိုကောင်းမွန်အောင်လုပ်ဆောင်မည်ဟု ကတိပြုခဲ့ကြကြောင်းလည်း သိရသည်။ 

ရှီကျင့်ဖျင် နှင့် ဂျိုးဘိုင်ဒန်တို့သည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား သံတမန်ဆက်ဆံရေးထူထောင်မှု (၄၅)နှစ်မြောက် အထိမ်းအမှတ်နေ့တွင် မိန့်ခွန်းများကို အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း သိရသည်။ 

ရှီကျင့်ဖျင်က "နှစ်ဖက်စလုံးဟာ ဆက်ဆံရေးတွေကို တည်ငြိမ်ဖို့၊ ကောင်းမွန်ဖို့နဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေကို ပိုမိုမြှင့်တင်ဖို့အတွက် လက်တွေ့ကျတဲ့လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။ 

CCTV က "တရုတ်-အမေရိကန်ဆက်ဆံရေးကို ရှေ့ဆက်သွားဖို့၊ တရုတ် နဲ့ အမေရိကန်ပြည်သူတွေ အကျိုးရှိဖို့၊ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးတွေကို မြှင့်တင်ဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ဆန္ဒရှိတယ်လို့ သမ္မတရှီကျင့်ဖျင်က အလေးပေးပြောကြားခဲ့ပါတယ်။ အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ Win-Win ပူးပေါင်းဆောင်ရွက်မှုတွေကို လိုက်နာတာဟာ တရုတ် နဲ့ အမေရိကန်တို့ အပြန်အလှန်လုပ်ဆောင်ရမယ့် မှန်ကန်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်လို့ ရှီကျင့်ဖျင်က ပြောခဲ့ပါတယ်" ဟု ဖော်ပြခဲ့သည်။ 


ရှီကျင့်ဖျင်သည် မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းနှင့် နှစ်သစ်ကူး သတင်းစကားများကို အပြန်အလှန် ပေးပို့ခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် ၂ဝ၂၄ ခုနှစ်ကို နှစ်နိုင်ငံလုံးအတွက် ချစ်ကြည်ရေးနှစ်အဖြစ် ရှီကျင့်ဖျင် နှင့် ကင်ဂျုံအန်းတို့က ကြေညာခဲ့ကြောင်း ဆင်ဟွာသတင်းအေဂျင်စီက ဖော်ပြခဲ့သည်။ 

ရှီကျင့်ဖျင်သည် ရုရှားသမ္မတပူတင်နှင့်လည်း နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားများကို အပြန်အလှန်ပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် ယခုနှစ်သည် တရုတ် နှင့် ရုရှားနိုင်ငံတို့၏ သံတမန်ဆက်ဆံရေးထူထောင်သည့် (၇၅) နှစ် မြောက် နှစ်ပတ်လည်ဖြစ်ကြောင်းလည်း သိရသည်။ 

တရုတ် နှင့် ရုရှားတို့သည် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့်အတူ ဆက်ဆံရေးများကိုမြှင့်တင်ကာ ပေါင်းစည်းမှုများ ဆက်လက်လုပ်ဆောင်သင့်ကြောင်း ရှီကျင့်ဖျင်က ပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်၊ တောင်ကိုရီးယားတို့နှင့်ပဋိပက္ခဖြစ်ပွားခဲ့ပါက အမြစ်ပြတ်ချေမှုန်းရန် ၎င်း၏ စစ်တပ်ကို မြောက်ကိုရီးယားခေါင်းဆောင် တိုက်တွန်း

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved