ရုရှားစစ်တပ်နဲ့ စာချုပ်ချုပ်ထားတဲ့စစ်သားအရေအတွက် ၆၄ဝဝဝဝ ကျော်ရှိနေကြောင်း ရုရှားစစ်ဘက်ပြော
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉
ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့စစ်သားအရေအတွက် အနည်းဆုံး ၆၄ဝဝဝဝ ကျော်ရှိနေကြောင်း၊ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံကြား စစ်ပွဲဖြစ်လာခဲ့ပြီးနောက်ပိုင်း စာချုပ်ချုပ်ဆိုထားတဲ့ စစ်သားအရေအတွက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ရုရှားစစ်တပ်မှာ တာဝန်ထမ်းဆောင်ဖို့ ၂ဝ၂၃ ခုနှစ် တစ်နှစ်တည်းမှာပဲ ရုရှားနိုင်ငံသား ၃ သိန်းနီးပါး စာရင်းပေးခဲ့ပြီး စာချုပ်ချုပ်ဆိုခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ရုရှားနိုင်ငံမှာ အသက် ၁၈ နှစ်နဲ့အသက် ၆ဝ အရွယ်ကြားရှိ အမျိုးသား ၃၆ သန်း ကျော်ရှိနေပြီး အဆိုပါရုရှားနိုင်ငံသားများဟာ အနာဂတ်မှာ စစ်တပ်နဲ့ စာချုပ်ချုပ်ဆိုဖွယ်ရှိနေကြောင်း ဆိုပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေးရှိုဂူးက ၂ဝ၂၃ ခုနှစ်အတွင်း ရုရှားနိုင်ငံရဲ့ volunteer units တပ်ဖွဲ့မှာ ပူးပေါင်း ပါဝင်သူ (သို့မဟုတ်) ရုရှားစစ်တပ်နဲ့စာချုပ်ချုပ်ဆိုခဲ့သူ ၅ သိန်းနီးပါးရှိခဲ့ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။ ရုရှားဟာ နိုင်ငံစစ်အင်အားကို တဖြည်းဖြည်းတိုးမြှင့်သွားဖို့ စီစဥ်ထားရာ ၂ဝ၂၄ ခုနှစ်အတွင်းမှာ ရုရှားစစ်တပ်နဲ့စာချုပ်ချုပ်ဆိုသူ ၇၄၅ဝဝဝ ကျော် အပါအဝင် တပ်ဖွဲ့ဝင်အရေအတွက်ပေါင်း ၁ ဒသမ ၅ သန်းကျော်ရှိ အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ရုရှားနဲ့ ယူကရိန်းကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာ ၂ နှစ်နီးပါးရှိလာနေပြီး နှစ်ဖက်စလုံးထိခိုက်ကျဆုံးမှုတွေရှိနေရာ စစ်သားအရေအတွက် လိုအပ်လာနေပြီး၊ ယူကရိန်းစစ်တပ်ကလည်း စစ်မှုထမ်းဖို့ အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုလည်း ခေါ်ယူဖို့ တိုက်တွန်းတောင်းဆိုတာမျိုးတွေ ရှိနေပါတယ်။
ယူကရိန်းအစိုးရဟာ ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့နယ်မြေလေးခုကို ပြန်လည်သိမ်းယူဖို့ ဇွန်လကတည်းက ကြိုးပမ်းခဲ့ပေမယ့် အောင်မြင်မှုမရဘဲစစ်သားတွေနဲ့ စစ်လက်နက်ပစ္စည်းအများအပြား ထိခိုက်ပျက်စီးမှုတွေနဲ့သာ တွေ့ကြုံနေရကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာလုပ်သား (၉)သိန်းခန့်ကို CI ထုတ်ပေးနိုင်ရေးဆောင်ရွက်မည်
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း