Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်နိုင်ငံက အာရှပစိဖိတ်ဒေသမှာ ကြားဝင်စွက်ဖက်မှုတွေနဲ့ စစ်ရေးဖြန်ကြတ်ချထားမှုတွေ အရှိန်မြင့် လုပ်ဆောင်လာကြောင်း တရုတ်စစ်ဘက် ဝေဖန်

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၉ 

တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက အမေရိကန်နိုင်ငံဟာ အာရှပစိဖိတ်ဒေသမှာ ကြားဝင်စွက်ဖက်မှုတွေ လုပ်ဆောင်နေပြီး စစ်အေးခေတ်တိုက်ပွဲကာလစိတ်ထားမျိုးတွေကို ဆက်လက်လုပ်ဆောင်နေကြောင်း ဝေဖန်ပြစ်တင်လိုက်ပါတယ်။ 

တရုတ်စစ်ဘက်ထိပ်တန်းအရာရှိကြီးများနဲ့ အမေရိကန်စစ်ဘက်အရာရှိကြီးများ ပါဝင်တဲ့ အဆင့်မြင့် တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်ပြီးနောက်  သီတင်းပတ်တစ်ပတ်အကြာမှာ တရုတ်စစ်ဘက်က ဝေဖန်လိုက်ခြင်း ဖြစ်ပါတယ်။ အဲဒီတွေ့ဆုံဆွေးနွေးပွဲအတွင်းတရုတ် နဲ့ အမေရိကန်စစ်ဘက်တို့ဟာ တွက်ချက်မှု မှားယွင်းခြင်း၊ နာလည်မှု လွှဲမှားခြင်းများမဖြစ်ရအောင် အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများ လုပ်ဆောင်ဖို့ ဆွေးနွေးသွားမှာဖြစ် ကြောင်း ကတိပြုခဲ့ပါတယ်။


ဒါပေမယ့် တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Wu Qian က "အမေရိကန်စစ်တပ်ဟာ အာရှ - ပစိဖိတ်ဒေသမှာ ဖြန့်ကြတ်ချထားမှုတွေ အင်အားတောင့်တင်းအောင် ဆက်လက်လုပ်ဆောင်နေတယ်။ စစ်အေးခတ်တိုက်ပွဲကာလ စိတ်ထားမျိုးတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ အမေရိကန်စစ်တပ်ဟာ သူတို့ရဲ့ကိုယ်ကျိုးစီးပွားအတွက် တစ်ကိုယ်ကောင်းဆန်ဆန်ပြုလုပ်နေတာဖြစ်တယ်။ ဒါ့အပြင် အမေရိကန်စစ်တပ်ဟာ သူတို့ရဲ့ဂုဏ်သိက္ခာနဲ့ ဖော်ညွှန်းမှုတွေကို ဆက်ထိန်းဖို့ဖြစ်တယ်"  လို့ ပြောပါတယ်။

တရုတ်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက  ထိုင်ဝမ်ကို စစ်လက်နက်ပစ္စည်းများ ရောင်းခြင်း အပါအဝင် ထိုင်ဝမ် အရေးနဲ့ပတ်သက်ပြီး ကြားဝင်စွက်ဖက်မှုများအတွက် အမေရိကန်အစိုးရကို ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။  


၎င်းက "တရုတ်အစိုးရဟာ ထိုင်ဝမ်ကို စစ်ရေးအကူအညီတွေနဲ့ စစ်ရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုနိုင်ငံတိုင်း ကို ကန့်ကွက်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အလွန်အန္တရာယ်ရှိတဲ့အလောင်းအစာတွေကို လုပ်ဆောင်နေတယ်။ အမေရိကန်အစိုးရဟာ အကြောင်းပြချက်တွေနဲ့ ထိုင်ဝမ်ကိုစစ်လက်နက်ပစ္စည်း တပ်ဆင် ပေးနေတာတွေကို ရပ်တန့်ဖို့ ထပ်မံတိုက်တွန်း တောင်းဆိုပါတယ်" လို့ သတိပေးပြောဆိုခဲ့ပါတယ်။ 

အမေရိကန်အစိုးရဟာ ၎င်းတို့ရဲ့အာရှ-ပစိဖိတ်ဒေသအခြေနေများကို ပြန်လည်သုံးသပ်ခဲ့ပြီးနောက် စစ်ရေးချဲ့ထွင်မှု တွေ ပိုမိုလုပ်ဆောင်လာနေကြောင်း တရုတ်အစိုးရက ဝေဖန်ထားပါတယ်။ တရုတ်နဲ့ အမေရိကန်နိုင်ငံဟာ ထိုင်ဝမ်အရေး၊ ဖိလစ်ပိုင်အရေးတို့နဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေ၊ တင်းမာမှုတွေ ပိုမိုဖြစ်လာနေကြောင်း သိရပါတယ်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

(၂)ရက်အတွင်း မန္တလေးတိုင်း၌ ကျပ်သိန်း (၅၀၀၀) ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved