အိန္ဒိယနိုင်ငံတွင် ဘတ်စ်ကားနှင့် ထရပ်ကားတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦးသေဆုံး
Pika (NSS) - ဒီဇင်ဘာ ၂၈
အိန္ဒိယနိုင်ငံ အလယ်ပိုင်းရှိ အဝေးပြေးလမ်းမတစ်ခုပေါ်တွင် ဘတ်စ်ကားတစ်စီး နှင့် ထရပ်ကားတစ်စီးတို့ ခေါင်းချင်းဆိုင်တိုက်မိခဲ့ပြီးနောက် ဘတ်စ်ကားမီးလောင်ကျွမ်းခဲ့ပြီး အနည်းဆုံးလူ(၁၃)ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာလ(၂၈)ရက်တွင် ပြောကြားခဲ့သည်။
Madhya Pradesh ပြည်နယ် ဂူနာခရိုင်တွင် ဒီဇင်ဘာလ(၂၇)ရက် ညပိုင်းကဖြစ်ပွားခဲ့သော မတော်တဆမှုအတွင်း ဘတ်စ်ကားပေါ်တွင် လိုက်ပါလာသောခရီးသည် (၁၂)ဦး မီးလောင်သေဆုံးခဲ့ကာ ထရပ်ကားယာဉ်မောင်းလည်း ယာဉ်တိုက်မှုအတွင်း သေဆုံးသွားခဲ့ကြောင်း ရဲအရာရှိ Anoop Bhargava က ပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုကြောင့် အခြားလူ(၁၆)ဦးမှာ မီးလောင်ဒဏ်ရာများ (သို့မဟုတ်) အရိုးကျိုးခြင်း စသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး Anoop Bhargava က ပြောကြားခဲ့သည်။ အဆိုပါဒေသသည် နယူးဒေလီမြို့တောင်ပိုင်း ကီလိုမီတာ(၉ဝဝ)အကွာတွင် တည်ရှိကြောင်းလည်း သိရသည်။
ယာဉ်မဆင်မခြင်မောင်းနှင်မှု၊ လမ်းထိန်းသိမ်းမှု ညံ့ဖျင်းမှု နှင့် ပြင်ဆင်မှုမရှိသောယာဉ်များကြောင့် အိန္ဒိယနိုင်ငံတွင် လူအသေအပျောက်များသည့် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ တစ်ဝှမ်းတွင် ဖြစ်ပွားသော ယာဉ်မတော်တဆမှုများကြောင့် နှစ်စဉ်လူ(၁၁ဝဝဝဝ) ကျော် သေဆုံးနေကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အဲဗာတန်အသင်းကို အနိုင်ရရှိမှုက ကြီးမားသောနိုင်ပွဲတစ်ခုဖြစ်ကြောင်း မန်စီးတီးနည်းပြပြော
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ