ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်းအတွက် နောက်ထပ်အစီအစဉ်တစ်ခု လိုအပ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်းပြော
Pika (NSS) - ဒီဇင်ဘာ ၂၈
ရုရှားနှင့်ဖြစ်ပွားနေသောစစ်ပွဲတွင် ယူကရိန်း၏ လက်ရှိအစီအစဉ်သည် အလုပ်မဖြစ်သောကြောင့် သမ္မတဇီလန်စကီးသည် စစ်ပွဲတွင်အနိုင်ရရှိရန်အတွက် နောက်ထပ်အစီအစဉ်တစ်ခုကို ကမ်းလှမ်းရန်လိုအပ်ကြောင်း ယူကရိန်းဝန်ကြီးချုပ်ဟောင်း ယူလီယာတီမိုရှန်ကိုက ပြောခဲ့သည်။
ယူလီယာတီမိုရှန်ကိုက "ယူကရိန်းရဲ့နယ်မြေစိုးမိုးရေးတွေအတွက် အနိုင်ရရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေပြီး ရေရှည်ကြာတဲ့စစ်ပွဲကို ဆက်လက်တိုက်ခိုက်ဖို့အတွက်က ယူကရိန်းအတွက် ခက်ခဲပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း ယူလီယာတီမိုရှန်ကိုသည် နောက်ထပ်ရွေးချယ်စရာ မူဝါဒတစ်ခုအပေါ် ၎င်း၏ အမြင် ဘယ်လိုရှိ သည်ဆိုသည့်အချက်တို့ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ ထို့အပြင် အနောက်အုပ်စုနိုင်ငံ များ၏ စစ်ရေးအကူအညီထောက်ပံ့ပေးမှုများ လျော့ကျသွားခြင်းကြောင့် ယူကရိန်း၏ လက်ရှိအခြေအနေသည် ခက်ခဲပြီး ဝမ်းနည်းစရာကောင်းကြောင်း ယူလီယာတီမိုရှန်ကို က ပြောကြားခဲ့သည်။
လူငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် မသန်မစွမ်းသူများကိုပါ စည်းရုံးကာ နောက်ထပ်စစ်သား(၅)သိန်း စုဆောင်း ရန် သမ္မတဇီလန်စကီး၏ အဆိုပြုချက်ကို ယူလီယာတီမိုရှန်ကိုက တုံ့ပြန်ပြောဆိုမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
၎င်းက "ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဒါဟာ ထိရောက်မှုမရှိသလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လည်း မကိုက်ညီပါဘူး။ စစ်မှုထမ်း အသက်အရွယ်ကို အသက်(၂၅)နှစ်အရွယ်ထိလျှော့ချမယ့် ဥပဒေမူကြမ်းကို ချဲ့ထွင်မယ့်အစား ရဲတပ်ဖွဲ့တွေကို ရှေ့တန်းစစ်မြေမျက်နှာပြင်ကို စေလွှတ်သင့်ပါတယ်။ ဘယ်လိုတိုက်ခိုက်ရမယ် ဆိုတာကိုသိပေမယ့် တိုက်ပွဲတွေမှာ မပါဝင်တဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို ရှေ့တန်းကို မစေလွှတ် တာဟာ မှားယွင်းတဲ့အခြေအနေတစ်ခုပါပဲ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်သို့ပက်ထရီယော့ဒုံးကျည်များ ပေးပို့မည့်အစီအစဉ်နှင့်ပတ်သက်ပြီး ဂျပန်အစိုးရကို ရုရှားအစိုးရသတိပေး
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း