Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အစ္စရေးက ကုလသမဂ္ဂဝန်ထမ်းများကို ဗီဇာ တိုက်ရိုက်ခွင့်ပြုချက်ပေးတော့မည်မဟုတ်

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇ 

ကုလသမဂ္ဂဝန်ထမ်းများအပေါ် ဗီဇာခွင့်ပြုချက်ပေးခြင်းကို ယခင်ကဲ့သို့ တိုက်ရိုက်ခွင့်ပြုပေးသွားမည် မဟုတ်ကြောင်း  အစ္စရေးအစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

ကုလသမဂ္ဂဝန်ထမ်းအချို့သည် ဟားမက်စ်လက်နက်ကိုင်အဖွဲ့နှင့်ပူးပေါင်းပြီး ခက်ခဲရှုပ်ထွေးမှုများဖြစ်လာစေရန် လုပ်ဆောင်နေကြောင်း၊ ၎င်းတို့၏ ဗီဇာကို ဖြစ်ရပ်တစ်ခုချင်းစီ အပေါ်အခြေခံပြီး စိစစ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ အီလွန်လီဗိုင်းက ပြောသည်။


ကုလသမဂ္ဂဝန်ထမ်းအချို့သည် အစ္စရေးနိုင်ငံသာ ဝေဖန်ပြစ်တင်ပြီး ဟားမက်စ်လက်နက်ကိုင်အဖွဲ့၏ပြစ်မှုများကို ဖုန်းကွယ်ပေးထားကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ 

"အစ္စရေးအစိုးရဟာ ကုလသမဂ္ဂဝန်ထမ်းတွေရဲ့ဗီဇာတောင်းဆိုချက်တွေကို အရင်တုန်းကလိုမျိုး တိုက်ရိုက် ခွင့်ပြုပေးသွားမှာမဟုတ်ဘူး။ ဖြစ်ရပ်တစ်ခုချင်းစီအပေါ် အခြေခံပြီး စဉ်းစားသွားမယ်။ အစ္စရေးဟာ ဟားမက်စ် အဖွဲ့ရဲ့ဝါဒဖြန့်ချိရေးအတွက် အလုပ်လုပ်ပေးနေတဲ့သူတွေနဲ့ အလုပ်ပူးတွဲလုပ်ကိုင်နေခြင်းကို ရပ်တန့်သွားဖွယ်ရှိ ပါတယ်" ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိ အီလွန်လီဗိုင်းက ပြောသည်။

အစ္စရေးစစ်တပ်က ဟားမက်စ်လက်နက်ကိုင်အဖွဲ့ဝင်များသည် ဒုက္ခသည်စခန်းများတွင် နေထိုင်ပြီး တိုက်ခိုက်ရေး လုပ်ငန်းများကို လုပ်ကိုင်နေကြောင်း၊ အရပ်သားများကိုပေးပို့သော လူသားချင်းဆိုင်ရာစာနာမှုအကူအညီများကို လုယူနေကြောင်း ပြောသည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော အစ္စရေး နှင့် ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေသည့် ဂါဇာ စစ်ပွဲသည် ရက်ပေါင်း ၈ဝ ကျော်လာပြီး အစ္စရေး၏ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ နှစ်သောင်းကျော် သေဆုံးထားကြောင်း သိရသည်။ 

အရပ်သားများသေဆုံးခြင်းအတွက် အစ္စရေးအစိုးရသည် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားမျိုးစုံရင်ဆိုင်ခဲ့ရသော်လည်း စစ်ပွဲကို ရပ်တန့်လိုခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်သွားမည်ဟု အတိအလင်းကြေညာထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အင်းစိန်အကျဉ်းထောင်ရှေ့ရှိ ကားတစ်စီးအောက်မှ ဗုံးပေါက်ကွဲမှုဖြစ်ပွား

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved