Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဟားမက်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်မှ ဂါဇာဒေသငြိမ်းချမ်ရေးရမည်ဟု ပြောဆို

Pika (NSS) - ဒီဇင်ဘာ ၂၇ 

ဂါဇာကမ်းမြောင်ဒေသရှိ ဟားမက်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်မှသာလျှင် ငြိမ်းချမ်းရေးကို ရရှိနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ဖွယ်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ပြောဆိုခဲ့သည်။


ထို့အပြင် ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်းရေးရရှိရန်အတွက် ဟားမက်လက်နက်ကိုင်အဖွဲ့ကို ချေမှုန်းပစ်ရန်၊ ဂါဇာဒေသတွင် စစ်ရေးဆောင်ရွက်များ မရှိစေရန် နှင့် ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်း အပြောင်းအလဲများဖြစ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း နေတန်ရာဟုက ပြောဆိုခဲ့သည်။


အစ္စရေး၏ အဆက်မပြတ်ထိုးစစ်ဆင်မှုများကြောင့်  အရှေ့အလယ်ပိုင်းဒေသတွင် တင်းမာမှုများ ပိုမိုမြင့်တက်လာခဲ့ သလို ဂါဇာကမ်းမြောင်ဒေသတွင်လည်း အလုံးစုံပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ အဆိုပါအချက်များ ကြောင့် ဂါဇာစစ်ပွဲအပစ်အခတ်ရပ်စဲရေးတောင်းဆိုမှုများ ကမ္ဘာတစ်ဝန်းတွင် ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း သိရသည်။


"ဟားမက်လက်နက်ကိုင်အဖွဲ့ကို အပြီးသတ်ချေမှုန်းပစ်ရပါမယ်။ ဂါဇာမှာ စစ်ရေးဆောင်ရွက်ချက်တွေ မရှိတော့ အောင်လည်း လုပ်ဆောင်ရမှာဖြစ်သလို ပါလက်စတိုင်းလူ့အဖွဲ့အစည်းအတွင်းမှာလည်း အပြောင်းအလဲတွေဖြစ် အောင် လုပ်ဆောင်ရပါမယ်။ ဒါဟာ အစ္စရေးနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ငြိမ်းချမ်းရေးရဖို့အတွက် လိုအပ်တဲ့ အချက်သုံးချက်ပါ၊" ဟု ဝန်ကြီးချုပ်နေတန်ရာဟုက ပြောဆိုခဲ့သည်။

ထို့အပြင် “ဂါဇာကမ်းမြောင်ဒေသတွင် စစ်ရေးဆောင်ရွက်ချက်များမရှိအောင် လုပ်ဆောင်ပြီးပါက ယာယီလုံခြုံရေး ဇုန်တစ်ခု တည်ထောင်ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အနီးစပ်ဆုံးအနာဂတ်အတွက် အစ္စရေးဟာ ဂါဇာကမ်းမြောင် ဒေသမှာ လုံခြုံရေးတာဝန်ကို ထိန်းသိမ်းထားရမှာဖြစ်ကြောင်း" ဟု ၄င်းက ပြောဆိုခဲ့သည်။

အစ္စရေးနှင့်ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက် လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား (၁၂ဝဝ)ကျော်သေဆုံးခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းလူမျိုး (၂ဝဝဝဝ)ကျော် သေဆုံးထားကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အစ္စရေးက ကုလသမဂ္ဂဝန်ထမ်းများကို ဗီဇာ တိုက်ရိုက်ခွင့်ပြုချက်ပေးတော့မည်မဟုတ်

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved