ဖင်လန်၊ နော်ဝေးနိုင်ငံတို့နှင့်ထိစပ်နေသော နယ်စပ်အနီးတွင် နောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားများကို ဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရကြေညာ
Pika (NSS) - ဒီဇင်ဘာ ၂၇
ရုရှားနိုင်ငံသည် ဖင်လန်နိုင်ငံ၊ နော်ဝေးနိုင်ငံ နယ်စပ်တို့နှင့်ထိစပ်နေသော ၎င်း၏ မြောက်ပိုင်းစစ်ခရိုင်တွင် နောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားများကို မကြာမီဖြန့်ကျက်ချထားတော့မည်ဖြစ်ကြောင်း Rostec ကာကွယ်ရေးလုပ်ငန်းစုအကြီးအကဲ Sergei Chemezov က ဒီဇင်ဘာလ(၂၇)ရက်တွင် ထုတ်ပြန်ပြောခဲ့သည်။
Coalition-SV ဟောင်ဝစ်ဇာတင့်ကားများ စမ်းသပ်မှုကို အောင်မြင်စွာပြီးမြောက်ခဲ့ပြီးနောက် လက်ရှိအချိန်တွင် အဆိုပါတင့်ကားအများအပြား ထုတ်လုပ်မှုကို စတင်နေပြီဖြစ်ကြောင်း Rostec လုပ်ငန်းစုအကြီးအကဲ Sergei Chemezov က ပြောကြားခဲ့သည်။
နောက်ဆုံးပေါ်ဟောင်ဝစ်ဇာတင့်ကားများ ပထမအသုတ်ကို ၂ဝ၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ပေးပို့ပေးသွားမည်ဖြစ် ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ၎င်းက "ပစ်ခတ်တိုက်ခိုက်မှုအကွာအဝေးတွေအရ အနောက်အုပ်စု နိုင်ငံတွေရဲ့ မော်ဒယ်တွေထက် ပိုမိုအသာစီးရစေဖို့ ဒီလိုနောက်ဆုံးပေါ် ဟောင်ဝစ်ဇာတင့်ကားအသစ်တွေကို လိုအပ်နေတဲ့ အတွက် မြောက်ပိုင်းစစ်ခရိုင်မှာ မကြာမီအချိန်အတွင်း ဖြန့်ကျက်ချထားမှုတွေ လုပ်ဆောင်သွားမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု ပြောခဲ့သည်။
၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားပြီးကတည်းက အနောက်အုပ်စုနိုင်ငံများသည် ယူကရိန်းကို ကြားခံထားကာ ရုရှားနိုင်ငံနှင့် ကြားခံစစ်ပွဲကို ဆင်နွှဲနေကြောင်း ရုရှားဖက်က စွပ်စွဲပြောဆိုခဲ့သည်။
ဖင်လန်နိုင်ငံက အမေရိကန်ဦးဆောင်သော နေတိုးအဖွဲ့ကို ဝင်ရောက်ခဲ့ပြီးနောက် နိုင်ငံအနောက်ဘက်နယ်စပ်များတွင် တပ်ဖွဲ့ဝင်များကို ပိုမိုဖြန့်ကျက်ချထားသွားမည်ဖြစ်ကြောင်း ရုရှားဖက်က သတိပေးပြောဆိုခဲ့သည်။ ရုရှားစစ်တပ်သည် Coalition-SV ဟောင်ဝစ်ဇာတင့်ကားများကို ယူကရိန်းနိုင်ငံရှိ ရှေ့တန်းစစ်မြေမျက်နှာပြင်များတွင် ဖြန့်ကျက်ချထားပြီးပြီဖြစ်ကြောင်း ရုရှားနိုင်ငံပိုင် TASS သတင်းအေဂျင်စီက ယခုလအစောပိုင်းတွင် ဖော်ပြခဲ့သည်။
အကွာအဝေး(၇၀)ကီလိုမီတာအထိ ပစ်ခတ်နိုင်စွမ်းရှိသော ဟောင်ဝစ်ဇာတင့်ကားများတွင် (၁၅၂)မီလီမီတာရှိ ခေတ်မီ 2A88 အမြောက်များကို တပ်ဆင်ထားပြီး တစ်မိနစ်လျှင် (၁ဝ)ကြိမ်ထက်မနည်း ပစ်ခတ်နိုင်ကြောင်းလည်း သိရသည်။ ထို့အပြင် ဟောင်ဝစ်ဇာတင့်ကားများသည် ပစ်မှတ်များကိုရွေးချယ်ခြင်း၊ လမ်းကြောင်းပြခြင်း နှင့် ချိန်ညှိခြင်းလုပ်ငန်းစဉ်များကိုလည်း အလိုအလျောက်လုပ်ဆောင်နိုင်သော ခေတ်မီစနစ်တစ်ခုဖြစ်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်အဖွဲ့ကို အပြီးသတ်ချေမှုန်းနိုင်မှ ဂါဇာဒေသငြိမ်းချမ်ရေးရမည်ဟု ပြောဆို
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း