နှစ်ပေါင်း ၅ဝ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ရာနဲ့ချီတဲ့ ခွေးတွေအကုန် မွေးစားခံရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၇
လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်က အမေရိကန်ပြည်နယ်၊ ပန်ဆယ်ဗေးနီးယား၊ အဒမ်ကောင်တီရှိ SPCA တိရစ္ဆာန်ဂေဟာလေးဟာ အကောင်ရေများစွာနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမယ့် နှစ်သစ်ကူး အားလပ်ရက် နီးကပ်လာတဲ့အချိန်မှာတော့ နှစ်ပေါင်း ၅ဝ နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် ၎င်းရဲ့ဂေဟာမှ ခွေးတွေအကုန် ပိုင်ရှင်အသစ်ကိုယ်စီ ရရှိသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။
"စိတ်လှုပ်ရှားစရာပါပဲ၊ ခွေးလေးတွေကို သူတို့ကို ချစ်ခင်ကြင်နာမယ့်ပိုင်ရှင်အသစ်တွေဆီ ရောက်ရှိကြအောင် ကျွန်တော်တို့ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေက အရမ်းကြိုးစားအားထုတ်ခဲ့ကြပါတယ်" လို့ တိရစ္ဆာန်ဂေဟာ က သောကြာနေ့( ဒီဇင်ဘာ ၂၃ ရက်) မှာ Facebook Acc မှ တင်ခဲ့ပါတယ်။
SPCA အတွက် ခရစ္စမတ်ကာလကြီးမှာ လှောင်အိမ်တွေ အလွတ်ကြီးဖြစ်နေတာဟာ ၄၇ နှစ်တာကာလအတွင်း ဒါပထမဆုံးအကြိမ်ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။ ဂေဟာမှာ နှစ်စဉ် တိရစ္ဆာန်ပေါင်း ၆.၃ သန်းခန့် ခိုလှုံနေကြပြီး အဲဒီအထဲက ၃.၁ သန်းလောက်က ခွေးတွေဖြစ်ကာ ၃.၂ သန်းက ကြောင်တွေဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အခြားဂေဟာတွေရဲ့ဝန်ထုပ်ဝန်ပိုးတွေလည်း သက်သာစေဖို့ ယခုသီတင်းပတ်အတွင်း အခြား တိရစ္ဆာန် ဂေဟာတွေမှ တိရစ္ဆာန်တွေကို စတင်ခေါ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်ကာကွယ်ရေးအက်ဥပေဒမူကြမ်းထဲတွင်ပါဝင်သော တရုတ်နှင့်ပတ်သက်သည့်ကိစ္စများကို ဆက်လက်အကောင်အထည်ဖော်လျှင် တုံ့ပြန်မည်ဟု တရုတ်အစိုးရသတိပေး
RELATED POSTS
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း