Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အမေရိကန်ကာကွယ်ရေးအက်ဥပေဒမူကြမ်းထဲတွင်ပါဝင်သော တရုတ်နှင့်ပတ်သက်သည့်ကိစ္စများကို ဆက်လက်အကောင်အထည်ဖော်လျှင် တုံ့ပြန်မည်ဟု တရုတ်အစိုးရသတိပေး

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၇

အမေရိကန်နိုင်ငအနေဖြင့် အမျိုးသားကာကွယ်ရေးအက်ဥပဒေမူကြမ်းထဲတွင် ပါဝင်သော တရုတ်နိုင်ငံနှင့် ပတ်သက်သည့်ကိစ္စများကို ဆက်လက်ဆောင်ရွက်လာမည်ဆိုလျှင် တရုတ်နိုင်ငံကလည်း အချုပ်အခြာအာဏာပိုင်၊ လုံခြုံရေး နှင့် အကျိုးစီးပွားတို့ကို ကာကွယ်ရန်အတွက် တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာနက ပြောသည်။ 

ဒီဇင်ဘာ ၂၆ ရက်က ပြုလုပ်ခဲ့သော ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်အမျိုးသားကာကွယ်ရေး အက်ဥပဒေမှုကြမ်းနှင့်ပတ်သက်ပြီး မေးမြန်းမှုများအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ မာအိုနင်က တုံ့ပြန်ပြောဆိုခဲ့ခြင်းဖြစ်သည်။ 


အမေရိကန်လွှတ်တော်သည် လာမည့်နှစ်အတွင်း အမေရိကန်အစိုးရကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် အမေရိကန်ဒေါ်လာ ၈၈ဝ ဘီလျံကျော် အသုံးပြုခွင့်ပေးမည့် အမျိုးသားကာကွယ်ရေးအက်ဥပဒေမူကြမ်းကို ခွင့်ပြုခဲ့ ကြောင်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် လက်ရှိအချိန်တွင် အဆိုပါ အမျိုးသားကာကွယ်ရေးဥပဒေ မူကြမ်းကို ဥပဒေအဖြစ် ပြင်ဆင်ပြောင်းလဲရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ 

အမေရိကန်အစိုးရ၏ အမျိုးသားကာကွယ်ရေးဥပဒေထဲတွင် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက် မည့်အစီအစဉ်များပါဝင်နေပြီး ထိုင်ဝမ်ကို စစ်ရေးကူညီပေးမည့်အစီအစဉ်များ ပါဝင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ထပ်မံပြောဆိုထားသည်။ 

အမေရိကန်နိုင်ငံအနေဖြင့် ထိုင်ဝမ်လွှတ်လပ်ရေးရယူရန်ကြိုးပမ်းမှုများကို မထောက်ခံဘူးဆိုသောကတိများကို လိုက်နာဆောင်ရွက်စေလိုကြောင်း၊ ထိုင်ဝမ်ကို လှည့်စားနေခြင်းများကိုရပ်တန့်ရမည်ဖြစ်ကြောင်း မာအိုနင်က ပြောသည်။ ထိုင်ဝမ်ရေလက်ကြား ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့်ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်စေနိုင်မည့် လုပ်ရပ်များကို ရပ်တန့်စေလိုကြောင်း၊ အမေရိကန်အမျိုးသားကာကွယ်ရေးဥပဒေမူကြမ်းထဲတွင် ပါဝင်နေသော တရုတ်နှင့်ဆက်နွယ်နေသည့်ကိစ္စများ အကောင်ထည်ဖော်မည့်အစီအစဉ်ကို ရပ်တန့်စေလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်အစိုးရသည် အမေရိကန်အမျိုးသားကာကွယ်ရေးအက်ဥပဒေမူကြမ်း ထွက်ပေါ်လာသည့်အချိန်ကတည်းက ကန့်ကွက်ပြောဆိုခဲ့သော်လည်း အမေရိကန်အစိုးရက ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်အကောင်အထည်ဖော်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သတင်းများထွက်ပေါ်နေသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့် စပ်လျဉ်းသည့် နောက်ဆက်တွဲစာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားတွင် NP News ၏ မေးမြန်းမှု

RELATED POSTS
RECENT POSTS
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved