ဝန်ထမ်းများအပေါ် နှစ်စဉ်ဘောနပ်စ်ကြေးများ ပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် အီလွန်မက်ခ် ၏ X ကုမ္ပဏီ တရားစွဲခံရ
ရောင်နီ (NSS) - ဒီဇင်ဘာ ၂၇
ကမ္ဘာကျော်သူဋ္ဌေးကြီး အီလွန်မက်ခ် ပိုင်ဆိုင်သော X (ယခင် Twitter) ကုမ္ပဏီသည် ဝန်ထမ်းများအပေါ် ကတိပြု ထားသည့် နှစ်စဉ်ဘောနပ်စ်ကြေးများ ပေးဆောင်ရန် ပျက်ကွက်ခြင်းကြောင့် တရားရင်ဆိုင်ရတော့မည်ဖြစ်သည်။
X ကို ဘီလျံနာသူဋ္ဌေး အီလွန်မက်ခ်က ၂ဝ၂၂ ခုနှစ် အောက်တိုဘာလက ဝယ်ယူပြီးနောက် ဝန်ထမ်းများကို အာမခံထားသည့် နှစ်စဉ်ဘောနပ်စ်ငွေကြေးများ ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ကုမ္ပဏီမှ ၂ဝ၂၃ ခုနှစ် မေလက အလုပ်ထွက်ခဲ့သော အကြီးတန်းဒါရိုက်တာ မက်ခ်စခိုဘင်ဂါ က ဆန်ဖရန်စစ္စကို ဖက်ဒရယ်တရားရုံးမှာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဝန်ထမ်းများအနေဖြင့် ၂ဝ၂၂ နှစ်ကုန်ကလည်း ဘောနပ်စ် မရခဲ့သည့်အပြင် ယခု ၂ဝ၂၃ ခုနှစ်အတွက် ဘောနပ်စ် ပေးဆောင်ရန် ကုမ္ပဏီဘက်က ပျက်ကွက်တာကြောင့် ယခုကဲ့သို့ တရားစွဲဆိုခြင်းဖြစ်ကြောင်း သိရသည်။
X ကုမ္ပဏီသည် အဆိုပါကိစ္စအတွက် မှတ်ချက်ပေးရန် တောင်းဆိုချက်များအပေါ် တုံ့ပြန်ခြင်း မရှိသေးပေ။ အီလွန်မက်ခ် အခြားပြဿနာများ ရင်ဆိုင်နေရချိန် ဇွန်လကတည်းက ဝန်ထမ်းများသည် ၎င်းတို့၏လျော်ကြေးနဲ့ နှစ်စဉ်ဆုကြေးငွေအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်လာခဲ့ကြခြင်းလည်းဖြစ်သည်။
ထို့အပြင် မက်ခ်က X ကို ဝယ်ယူပြီးနောက် ကုမ္ပဏီဝန်ထမ်းများကို ၂ဝ၂၂ ခုနှစ်အတွက် ဘောနပ်စ်တွေမှစ နှစ်စဉ် လောနပ်စ်တွေကို ပုံမှန်ထက် ၅ဝ ရာခိုင်နှုန်းဖြင့် ပေးချေမည်ဖြစ်ကြောင်း ထပ်ခါတလဲလဲ ကတိပြုထားခဲ့ခြင်း ဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။
ယခုကဲ့သို့ကတိများ အကြိမ်ကြိမ်ပေးခဲ့သော်လည်း ၎င်းအနေဖြင့် ဘောနပ်စ်များ မပေးခဲ့ကြောင်း ဝန်ထမ်းများမှ ပြောဆိုထားကြသည်။ ထို့ကြောင့် ဘောနပ်စ်ကြေးများအား ပေးဆောင်ရန် ပျက်ကွက်ခြင်း အပါအဝင် ဝန်ထမ်းများအပေါ် ပေးထားသည့် ကတိအမျိုးမျိုးကို Twitter မှ ငြင်းပယ်ခြင်းကြောင့် အကြီးတန်းဒါရိုက်တာ စခိုဘင်ဂါသည် X ကုမ္ပဏီမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယခု၎င်းရဲ့တိုင်ကြားမှုသည်လည်း အီလွန်မက်ခ်အတွက် ကြီးကြီးမားမားထိုးနှက်ချက်တစ်ခုဖြစ်နိုင်ကြောင်း ခန့်မှန်း ပြောဆိုနေကြသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-တရုတ်ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံထားသည့် ပထမဆုံးအကြီးစားအခြေခံအဆောက်အအုံ စီမံကိန်းဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အမြန်ဆုံးအကောင်အထည်ဖော်မည်
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ
12 Sep 2024 | စီးပွားရေး,ပြည်တွင်း