ကုန်စည်သင်္ဘောတိုက်ခိုက်ခံရပြီးနောက် အိန္ဒိယရေတပ်က ဖျက်သင်္ဘောတွေကို ဖြန့်ကြတ်ချထားမယ်
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၆
အိန္ဒိယကမ်းလွန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကုန်စည်သင်္ဘောတစ်စီးတိုက်ခိုက်ခံရပြီးနောက် အိန္ဒိယရေတပ်တပ်ဖွဲ့ဟာ ဒုံးကျည်တွေ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ဖျက်သင်္ဘောကို အိန္ဒိယကမ်းလွန်ဒေသမှာ ဖြန့်ကြတ်ချထားသွားမှာဖြစ်ကြောင်း သိရပါတယ်။
အိန္ဒိယရေတပ်ဖွဲ့ဟာ မွန်ဘိုင်းမြို့မှာ ဒေါက်ချရပ်နားပြီးထွက်ခွာသွားတဲ့ MV Chem Pluto ကုန်စည်သင်္ဘော တိုက်ခိုက်ခံရခြင်း အခြေအနေအရပ်ရပ်ကို စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။ အဆိုပါသင်္ဘောဟာ အိန္ဒိယ ကမ်းလွန်ပင်လယ်ပြင်မှာ ဒရုန်းနဲ့တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အီရန်နိုင်ငံက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်အစိုးရ စွပ်စွဲပြောဆိုထားပါတယ်။
"ကုန်စည်သင်္ဘောတိုက်ခိုက်ခံရခြင်းကို စုံစမ်းစစ်ဆေးသွားမယ်။ တိုက်ခိုက်ခံရတဲ့အခြေအနေ၊ ပေါက်ကွဲစေတဲ့ ပစ္စည်းပမာဏာတွေ အပါအဝင် ဘာကြောင့် တိုက်ခိုက်ခံရသလဲဆိုတာ စုံစမ်းလေ့လာသွားမယ်" လို့ အိန္ဒိယရေတပ်က ပြောပါတယ်။
အီရန်နိုင်ငံကတော့ အမေရိကန်အစိုးရရဲ့ပြောဆိုချက်တွေကို ငြင်းဆန်ပယ်ချထားပြီး အခြေမြစ်မရှိကြောင်း သိရပါတယ်။ ပင်လယ်နီဒေသမှာ ဟူသီလက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံသားပိုင်သင်္ဘောတွေကို တိုက်ခိုက်လာခဲ့ပြီးနောက် အမေရိကန်ဟာ ပင်လယ်နီဒေသက ဖြတ်သန်းမယ့် ကုန်စည်သင်္ဘောတွေ ဘေးကင်းစေ ဖို့ရည်ရွယ်ချက်နဲ့ အခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး ကင်းလှည့်မှုတွေလုပ်ဆောင်နေပါတယ်။ အိန္ဒိယရေတပ်က လမ်းညွှန်စနစ်ပါတဲ့ ဒုံးကျည်တွေ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ ဖျက်သင်္ဘောတွေဖြစ်တဲ့ INS Mormugao ၊ INS Kochi နဲ့ INS Kolkata သုံးစင်းကို အိန္ဒိယကမ်းလွန်ဒေသမှာ ဖြန့်ကြတ်ချထားသွားမှာဖြစ်ကြောင်း သတင်းထုတ်ပြန် ထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အသက်(၆ဝ)အရွယ်အမျိုးသားတစ်ဦး ဦးခေါင်း ဆင်နင်းခံရ၍ ပွဲချင်းပြီးသေဆုံးမှု အုတ်တွင်းမြို့၌ ဖြစ်ပွား
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း