ထိုင်းနိုင်ငံတောင်ပိုင်းတွင် ရေကြီးမှုများကြောင့် လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ရ
Pika (NSS) - ဒီဇင်ဘာ ၂၆
ထိုင်းနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများနှင့်အတူ ရေကြီးမှုများကြောင့် ကားလမ်းများနှင့် ရထားလမ်းများ ရေနစ်မြုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ရေဘေးသင့်ခဲ့ကြောင်း သိရသည်။
အဆိုပါရေကြီးမှုများကြောင့် စာသင်ကျောင်းများကိုလည်း ပိတ်ခဲ့ရသလို အချို့ဒေသခံများသည် ၎င်းတို့၏ နေအိမ် အတွင်းတွင် ပိတ်မိနေခဲ့ကြောင်းလည်း သိရသည်။ မလေးရှားနိုင်ငံနယ်စပ်အနီးတွင်ရှိသော ထိုင်းနိုင်ငံတောင်ပိုင်းရှိ နရာသီဝပ်ပြည်နယ်သည် ရေဘေးဒဏ်အခံရဆုံး ဒေသတစ်ခုဖြစ်ခဲ့ပြီး အချို့ခရိုင်များသည် ရက်အတော်ကြာ ရေနစ်မြုပ်နေခဲ့ကြောင်း Thai PBS သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
ရေကြီးမှုများဖြစ်ပွားပြီးနောက် လူအများအပြားသည် အကူအညီများကို တောင်းခံခဲ့ကြပြီး လူအချို့မှာ ရေနစ်မြုပ် နေသော အိမ်ခေါင်မိုးများပေါ်တွင် ထိုင်နေခဲ့ရကြောင်း Thai PBS က ဖော်ပြထားသည်။
နရာသီဝပ်ပြည်နယ် နှင့် အိမ်နီးချင်းယာလာပြည်နယ်တို့တွင် စာသင်ကျောင်းပေါင်း အနည်းဆုံးတစ်ဒါဇင်ခန့်ကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ အဆိုပါဒေသများရှိ နေအိမ်များ နှင့် ဈေးဆိုင်များ ရေနစ်မြုပ်နေသည့် ဓါတ်ပုံများ ကိုလည်း ဆိုရှယ်မီဒီယာပေါ်တွင် တွေ့ခဲ့ရသည်။ မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၂)ရက်မှ စတင်ပြီး ထိုင်းပင်လယ်ကွေ့ နှင့် Andaman ပင်လယ်တို့တွင် သင်္ဘောအနည်းဆုံး(၇)စီးခန့် နစ်မြုပ်ခဲ့ ကြောင်း သိရသည်။
ထို့အပြင် ရေကြီးမှုများနှင့်အတူ ရထားများသည် မလေးရှားနိုင်ငံနယ်စပ်နှင့် ကီလိုမီတာ(၁ဝဝ)အကွာတွင်ရှိသော ယာလာပြည်နယ်တွင် ရပ်တန့်သွားခဲ့ကြောင်း ထိုင်းနိုင်ငံပိုင်မီးရထားကုမ္ပဏီက ပြောကြားခဲ့သည်။ ရေကြီးမှုများ ပိုမိုဆိုးရွားလာပါက နရာသီဝပ် နှင့် ယာလာပြည်နယ်တို့ရှိ ဒေသခံများကို ဘေးလွတ်ကင်းရာသို့ ရွှေ့ပြောင်းကြရန် အာဏာပိုင်များက တိုက်တွန်းထားကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယအစိုးရက ဖမ်းဆီးထားသော Vivo ဖုန်းကုမ္ပဏီဝန်ထမ်းနှစ်ဦးအတွက် ကောင်စစ်ဝန်အကူအညီများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း တရုတ်အစိုးရပြော
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း