အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒေါ်လာငွေကြေးကို ဖျက်ဆီးပစ်နေကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဝေဖန်
Pika (NSS) - ဒီဇင်ဘာ ၂၆
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အမေရိကန်ဒေါ်လာငွေကြေးကို ဖျက်ဆီးပစ်နေခြင်းဖြစ်ကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ Vyacheslav Volodin က ဝေဖန်ပြောဆိုခဲ့သည်။
အမေရိကန်နိုင်ငံသည် ၎င်း၏ စီးပွားရေးဩဇာလွှမ်းမိုးမှုများကို ဆုံးရှုံးနေပြီဖြစ်ကြောင်း ရုရှားလွှတ်တော် ဥက္ကဋ္ဌ Vyacheslav Volodin က ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံသည် စစ်ရေးပဋိပက္ခများ၊ ပိတ်ဆို့အရေးယူမှုများ၊ ကုန်သွယ်ရေးစစ်ပွဲများ၊ အကြမ်းဖက်တိုက်ခိုက်မှုများကို စီစဉ်ခြင်း နှင့် ဥရောပစီးပွားရေးကို ဖျက်ဆီးနေခြင်းတို့ ပြုလုပ်ကာ ၎င်း၏ စီးပွားရေးဩဇာလွှမ်းမိုးမှုများကို ပြန်လည်ရရှိအောင်ကြိုးပမ်းနေသော်လည်း အဆိုပါ လုပ်ဆောင်မှုများမှာ အမေရိကန်နိုင်ငံ လိုချင်သောရလဒ်များကို ရရှိစေမည်မဟုတ်ကြောင်း Vyacheslav Volodin က ပြောကြားခဲ့သည်။
အမေရိကန်ဒေါ်လာသည် အမေရိကန်နိုင်ငံဩဇာလွှမ်းမိုးမှု၏ တစ်ခုတည်းကျန်ရှိသော လက်နက်တစ်ခုဖြစ် ကြောင်း Vyacheslav Volodin က ပြောခဲ့သည်။ သို့သော်လည်း အမေရိကန်နိုင်ငံသည် နိုင်ငံရေးတိုက်ပွဲများတွင် အမေရိကန်ဒေါ်လာကို လက်နက်တစ်ခုအဖြစ် အသုံးပြုနေခြင်းကြောင့် အခြားနိုင်ငံများသည် အမေရိကန် ဒေါ်လာ အသုံးပြုမှုကို ပိုမိုစွန့်လွှတ်လာခဲ့ကြောင်း သိရသည်။
ထို့အပြင် အခြားနိုင်ငံများသည် အမေရိကန်နိုင်ငံအပေါ် (သို့မဟုတ်) အမေရိကန်ဒေါ်လာငွေကြေးအပေါ် ယုံကြည် ခြင်းမျိုးမရှိတော့သည့်အချိန်ကတည်းက အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ၎င်းနိုင်ငံ၏ နောက်ဆုံးအားသာချက် ကို စွန့်လွှတ်လိုက်ရပြီဖြစ်ကြောင်း Vyacheslav Volodin က အခိုင်အမာပြောခဲ့သည်။ ယူကရိန်းနှင့်ဆက်နွယ်သော ပိတ်ဆို့အရေးယူမှုများက ရုရှားနိုင်ငံကို အနောက်အုပ်စုနိုင်ငံများ၏ ဘဏ္ဍာရေးစနစ်မှ ပိုမိုဝေးကွာစေခဲ့ပြီးနောက် ကုန်သွယ်မှုများတွင် အမေရိကန်ဒေါ်လာအစား နိုင်ငံသုံးငွေကြေးများကိုသာ အသုံးပြုရန် လမ်းကြောင်းသည် ပြီးခဲ့သည့်နှစ်တွင် ပိုမိုအရှိန်မြင့်တက်လာခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
New York Times သတင်းစာက ရုရှားအတွက် အလုပ်လုပ်ပေးနေကြောင်း ယူကရိန်းအစိုးရ စွပ်စွဲ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ