Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော

Pika (NSS) - ဒီဇင်ဘာ ၂၆ 

အီရတ်နိုင်ငံတွင် ဒီဇင်ဘာလ(၂၅)ရက် အစောပိုင်းက အီရန်နှင့်ဆက်နွယ်သော စစ်သွေးကြွအဖွဲ့များ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အမေရိကန်စစ်တပ်က လေကြောင်းမှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အပြန်အလှန်တိုက်ခိုက်မှုများသည် အစ္စရေး-ဟားမက်စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသသို့ ပျံ့နှံ့လာနိုင် ဖွယ်ရှိသည့် နောက်ဆုံးလက္ခဏာတစ်ခုဖြစ်ကြောင်းလည်း သိရသည်။ အီရတ် နှင့် ဆီးရီးယားရှိ အီရန်နှင့်ဆက်နွယ် နေသော စစ်သွေးကြွအဖွဲ့များသည် ဂါဇာကမ်းမြောင်ဒေသအပေါ် အစ္စရေး၏ထိုးစစ်ဆင်မှုများကို ဆန့်ကျင်ခဲ့ပြီး အဆိုပါကိစ္စများအတွက် အမေရိကန်နိုင်ငံက တစ်စိတ်တစ်ပိုင်းတာဝန်ရှိကြောင်း ပြောဆိုခဲ့ကြသည်။ 

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ညွှန်ကြားချက်များအရ အမေရိကန်တပ်ဖွဲ့များသည် ဒီဇင်ဘာလ(၂၅)ရက် နေ့လည်(၁)နာရီ (၄၅)မိနစ်တွင် လေကြောင်းမှလက်တုံ့ပြန်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီး စစ်သွေးကြွအဖွဲ့ များအသုံးပြုသည့် အဆောက်အဦးများကို ဖျက်ဆီးကာ Kataib Hezbollah စစ်သွေးကြွအဖွဲ့ဝင်များကို သတ်ပစ် ခဲ့ဖွယ်ရှိကြောင်း အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

အမေရိကန်ဗဟိုစစ်ဌာနချုပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး Michael Erik Kurilla က "အီရတ်နဲ့ ဆီးရီးယားမှာရှိတဲ့ ညွန့်ပေါင်းအဖွဲ့တွေကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့လို့ ဒီလိုမျိုးလက်တုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာပါ။ ပြီးတော့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ စစ်သွေးကြွအဖွဲ့တွေရဲ့တိုက်ခိုက်နိုင်စွမ်းတွေကို လျော့ကျသွားစေဖို့ ရည်ရွယ်ထားတာပါ။ ကျွန်တော်တို့ရဲ့တပ်ဖွဲ့ဝင်တွေကို အမြဲတမ်းကာကွယ်ပေးသွားမှာပါ" ဟု ပြောခဲ့သည်။ 

အီရတ်နိုင်ငံ Erbil မြို့တွင်ရှိသော အမေရိကန်စစ်အခြေစိုက်စခန်းသည် ဒီဇင်ဘာလ(၂၅)ရက် အစောပိုင်းက တစ်လမ်းသွား ဒရုန်းဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အမေရိကန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူများထဲတွင် တပ်ဖွဲ့ဝင်တစ်ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိပြီး အခြားနှစ်ဦး မှာ အသက်အန္တရာယ်စိုးရိမ်ရခြင်းမျိုးမရှိကြောင်းလည်း သိရသည်။ 

အဆိုပါစစ်အခြေစိုက်စခန်းသည် စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရ ကြောင်း သိရသည်။ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်သည် တိုက်ခိုက်မှုအတွင်း ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦး၏ အမည် (သို့မဟုတ်) ရရှိခဲ့သည့်ထိခိုက်ဒဏ်ရာများအကြောင်း အသေးစိတ်အချက် အလက်များကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အဆိုပါဒရုန်းသည် အမေရိကန်စစ်အခြေစိုက်စခန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မည်ကဲ့သို့ ဖြတ်ကျော်ဝင်ရောက်လာ သည်ဆိုသည့်အချက်ကိုလည်း ထုတ်ဖော်ပြောကြားခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဒေါ်လာငွေကြေးကို ဖျက်ဆီးပစ်နေကြောင်း ရုရှားလွှတ်တော်ဥက္ကဋ္ဌ ဝေဖန်

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved