Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ခွင့်ကို စွန့်လွှတ်ဖို့အတွက် ကမ်းလှမ်းမှုကို ဟားမက်စ်အဖွဲ့ ငြင်းဆန်ပယ်ချ

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၆ 

ဟားမက်စ်အဖွဲ့ နဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့ဟာ အစ္စရေးနိုင်ငံနဲ့ အမြဲတမ်းအပစ်ခတ်ရပ်စဲရေးရယူနိုင်ဖို့ ဂါဇာကမ်းမြောင်ဒေသကို အုပ်ချုပ်ရေးအာဏာကိုစွန့်လွှတ်ရမယ်လို့ အဆိုပြုချက်ကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ 

အီဂျစ်နိုင်ငံဟာ အစ္စရေးနဲ့ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲကိုအဆုံးသတ်ဖို့ ကြားဝင်စေ့စပ် ဆွေးနွေးခဲ့ပြီး ကိုင်ရိုမြို့မှာ ဟားမက်စ်အဖွဲ့ နဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့နဲ့ ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ 


ဟားမက်စ်အဖွဲ့ နဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့ဟာ အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခဲ့တဲ့သူတွေကို ပြန်လွှတ် ပေးရေးနဲ့ပတ်သက်ပြီး ကျော်လွန်တောင်းဆိုလာတဲ့ကမ်းလှမ်းချက်တွေကို ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရပါတယ်။ အဆိုပါကိစ္စနဲ့နီးစပ်သူတစ်ဦးက အီဂျစ်အစိုးရဟာ ဟားမက်စ်အဖွဲ့ နဲ့ အစ္စလာမ်မစ် ဂျီဟတ်အဖွဲ့တို့နဲ့တွေ့ဆုံ ဆွေးနွေးချိန်မှာ ပြန်ပေးဆွဲခံထားရသူတွေ ပိုမိုလွှတ်ပေးရေး၊ အမြဲတမ်းအပစ်ခတ်ရပ်စဲရေးရယူနိုင်အောင် ဟားမက်စ်အဖွဲ့ရဲ့ဂါဇာဒေသကို ထိန်းချုပ်အုပ်ချုပ်နေမှုတွေကို လက်လွှတ်ရေး စတဲ့အချက်တွေကို ဆွေးနွေး တောင်းဆိုခဲ့ကြောင်း သိရပါတယ်။


အီဂျစ်အစိုးရဟာ ဟားမက်စ်လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထားသူ ၁ဝဝ ကျော် ပြန်လည်လွှတ်မြောက်ရေးအတွက် ဟားမက်စ်အဖွဲ့နဲ့ အဓိကထားဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ အီဂျစ်အဖွဲ့က ကမ်းလှမ်းတဲ့အစီအစဉ်ကို ဂါဇာစစ်ပွဲ အပစ်ခတ်ရပ်စဲရေး အဓိကကြားဝင်စေ့စပ်တဲ့ ကာတာနိုင်ငံကလည်း လက်ခံထားကြောင်း သိရပါတယ်။  

"ကျွန်တော်တို့ဟာ အစ္စရေးနိုင်ငံကျူးကျော်မှုတွေကို အဆုံးသတ်ဖို့ ကြိုးပမ်းနေတာပါ။ အစ္စရေးရဲ့ ရန်လို တိုက်ခိုက်တာတွေ ရပ်တန့်မယ်ဆိုရင် ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးရေးကို ဆွေးနွေးဖို့ အဆင်သင့်ရှိနေပါ တယ်။ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းရှိ ပါလက်စတိုင်းပြည်သူအားလုံးဆီကိုလည်း အကူအညီတွေ တိုးမြှင့်ပေးနိုင် အောင်လုပ်ဆောင်ခွင့်ပေးရမယ်။ အဲဒါလိုမျိုးလုပ်ဆောင်ပေးမယ်ဆိုရင်တော့ အပစ်ခတ်ရပ်စဲရေးဆွေးနွေးမယ်" လို့ ဟားမက်စ်အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရကာ ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီးနောက် လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်ပြော

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved