ရုရှားက ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချခဲ့
Pika (NSS) - ဒီဇင်ဘာ ၂၆
ရုရှားတပ်ဖွဲ့များသည် ယူကရိန်းနိုင်ငံတောင်ပိုင်းတွင် ၎င်းတို့၏ Su-34 တိုက်လေယာဉ်(၃)စီးကို ဆုံးရှုံးခဲ့ပြီးနောက် လေကြောင်းမှ တိုက်ခိုက်မှုများကို လျှော့ချခဲ့ကြောင်း ယူကရိန်းလေတပ်ပြောရေးဆိုခွင့်ရှိသူအမျိုးသား Yurii Ihnat က ဒီဇင်ဘာလ(၂၅)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
Yurii Ihnat က "ရုရှားတပ်ဖွဲ့တွေဟာ Su-34 တိုက်လေယာဉ်(၃)စီး ပစ်ချခံလိုက်ရတဲ့ ယူကရိန်းတောင်ပိုင်းမှာ သတင်းအချက်အလက်တွေ စုဆောင်းနိုင်ဖို့အတွက် ထောက်လှမ်းတာတွေ လုပ်ဆောင်နေပါတယ်။ အဲဒီ တိုက်လေယာဉ်တွေကို ပစ်ချခဲ့တဲ့စစ်လက်နက်ပစ္စည်းတွေကို သိဖို့ကြိုးစားနေတယ်ဆိုတာ သိသာပါတယ်။ ရုရှားတပ်ဖွဲ့တွေဟာ ခါဆွန်ဒေသ ရှေ့တန်းစစ်မြေမျက်နှာပြင်မှာ လေကြောင်းလက်နက်တွေ အသုံးပြုတာ နည်းပါး လာပါတယ်။ ရုရှားတိုက်လေယာဉ်တွေကို ယူကရိန်းတပ်ဖွဲ့တွေက ထပ်ခါတလဲလဲ ပစ်ချသွားမှာပါ။ Su-34 တိုက်လေယာဉ်တွေ ပစ်ချခံရတဲ့နေရာတွေတင်မဟုတ်ဘဲ အခြားနေရာတွေမှာ ဖြန့်ကျက်ချထားတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေ ပံ့ပိုးထားတဲ့ တာဝေးပစ်ဒုံးကျည်တွေ အပါအဝင် အခြားစစ်လက်နက်ပစ္စည်းစနစ်တွေကို ရုရှားတပ်ဖွဲ့ တွေ နားလည်မှာပါ။ အခြားရှေ့တန်းစစ်မြေမျက်နှာပြင်မှာလည်း ဒီလိုစစ်ဆင်ရေးမျိုးကို ကျွန်တော်တို့လုပ်ဆောင် နိုင်ပါတယ်။ အဓိကပြဿနာကတော့ ဒီလိုစနစ်တွေ ပိုမိုရရှိဖို့ပါပဲ။ ပက်ထရီယော့လေကြောင်းရန် ကာကွယ်ရေး စနစ်တွေ၊ Iris-T စနစ်တွေ အပါအဝင် ကတိပြုထားတဲ့အကူအညီတွေကို ကျွန်တော်တို့စောင့်ဆိုင်းနေပါတယ်" ဟု ပြောခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ(၂၂)ရက်တွင် ယူကရိန်းတပ်ဖွဲ့များသည် နိုင်ငံတောင်ပိုင်းရှိ ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် ရုရှား၏ Su-34 တိုက်လေယာဉ်များကို ပစ်ချခဲ့ကြောင်း ယူကရိန်းလေတပ်၏ တပ်မှူး Mykola Oleshchuk က သတင်းထုတ်ပြန်ခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဂါဇာကမ်းမြောင်ဒေသအုပ်ချုပ်ခွင့်ကို စွန့်လွှတ်ဖို့အတွက် ကမ်းလှမ်းမှုကို ဟားမက်စ်အဖွဲ့ ငြင်းဆန်ပယ်ချ
RELATED POSTS
02 Oct 2024 | နိုင်ငံရေး,ပြည်တွင်း
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ
01 Oct 2024 | နိုင်ငံရေး,နိုင်ငံတကာ