Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို တပ်ချုပ် အလေးပေးပြောကြား

ကျော် (NSS) - ဒီဇင်ဘာ ၂၆

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများ၏ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားရေးခေတ်မီတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အလေးပေးပြောကြားခဲ့သည်။


နစကဥက္ကဋ္ဌမှ ယမန်နေ့ ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက ကျင်းပသည့် (၄)ကြိမ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များအစည်းအဝေးတွင် အဖွင့်အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်ပြီး အစည်းအဝေးအား နစကဥက္ကဋ္ဌမှ တရုတ်နိုင်ငံ၊ နိုင်ငံတော်ဝန်ကြီးချုပ် မစ္စတာလီချန်းနှင့်အတူ ပူးတွဲဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။


မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စီးပွားရေး ခေတ်မီတိုးတက် လာစေရေးတို့အတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်အောက်တွင် အချင်းချင်းအပြန်အလှန် အကူအညီပေးသင့်သည်ဟု နစကဥက္ကဋ္ဌက ပြောသည်။

ထိုသို့ဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းနှင့် မဲခေါင်-လန်ချန်းဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများမှတစ်ဆင့် အကောင်အထည်ဖော်ဆောင်ရွက်သင့်သည်ဟုလည်း ပြောကြားခဲ့သည်။

နစကဥက္ကဋ္ဌ ပြောကြားခဲ့သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို တရုတ်နိုင်ငံနှင့်မြန်မာနိုင်ငံတို့မှ ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက် (BRI) မူဘောင်အတွင်း အရည်အသွေးမြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုကို အလေးထား တည်ဆောက်ရန်၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံန် ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန် နှင့် နှစ်နိုင်ငံ ပြည်သူများအ တွက် အကျိုးကျေးဇူးရရှိရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရန် မြန်မာနိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI)အကောင်အထည်ဖော်ဆောင်ရွက်ရေး ဦးဆောင်ကော်မတီကို ၂ဝ၁၈ ခုနှစ်၌ ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာ ဝန်ယူခဲ့ပြီး ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်း၌ ပါဝင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခဲ့ရာမှ ၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ မြန်မာနိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်း မစီမံကိန်း(BRI) အကောင်အထည်ဖော်ဆောင်ရွက်ရေးဦးဆောင်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်ယူဆောင်ရွက်ခဲ့သည်။


အဆိုပါရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း(BRI) ၏ အကျိုးကျေးဇူးအဖြစ် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံန်နှင့် အခြား ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ၊ မြန်မာနိုင်ငံရှိ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု များ ရရှိလာခဲ့သည်။

လက်ရှိအချိန်၌ တရုတ်နိုင်ငံမှ ဦးဆောင်ပြုလုပ်နေသည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၂၅ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၂၉ ခုက လက်မှတ်ရေးထိုးကာ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အစည်းအဝေးတွင် နစကဥက္ကဋ္ဌမှ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါးတရားမဝင် ထုတ်လုပ် ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ အကြမ်းဖက်မှုများ၊ ဆိုက်ဘာရာဇဝတ်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ သည် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေ၍ လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံ များအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းများကို တိုးမြှင့်ရန်လည်း ဆွေးနွေးပြောကြား ခဲ့သည်။

ထို့အတူ မဲခေါင်-လန်ချန်း ခရီးသွားလာရေးမြို့တော်များတည်ထောင်ခြင်း၊ မဲခေါင်-လန်ချန်း လေကြောင်း ခရီးသွားလာမှုဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုနှင့် မိတ်ဖက်ထူထောင်ခြင်းလုပ်ငန်းစဉ်များလည်း ကြိုဆိုကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟုလည်း ပြောကြားခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားက ယူကရိန်းအပေါ် လေကြောင်းတိုက်ခိုက်မှုများကို လျှော့ချခဲ့

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved