Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
တောင်တရုတ်ပင်လယ်နယ်မြေအငြင်းပွားမှုဖြစ်အောင် ရန်စမည်မဟုတ်ကြောင်း ဖိလစ်ပိုင်ပြော

ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၆ 

ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်တွင် ပိုင်နက်နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ရန်စ ကျူးကျော်မှုများ လုပ်ဆောင်မည်မဟုတ်ကြောင်း ဖိလစ်ပိုင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ဖော်ပြော လိုက်သည်။ 

တရုတ်အစိုးရက ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်နိုင်ငံ ပိုင်နက်အတွင်း ဝင်ရောက်ကာ ကျောက်ချရပ်နားခြင်း များ လုပ်ဆောင်ခဲ့ကြောင်း၊ ဝေဖန်ပြောဆိုခဲ့ပြီးနောက် ဖိလစ်ပိုင်စစ်ဘက်က ယင်းကဲ့သို့ တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ 


ဖိလစ်ပိုင်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်သူ မီဒယ်လ် အဂူာက "ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ် ရေးအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ကျူးကျော်ရန်စမှုတွေ မလုပ်ပါဘူး။ နိုင်ငံတကာဥပဒေတွေ၊ ပြည်တွင်းဥပဒေ တွေအတိုင်းသာ လိုက်နာဆောင်ရွက်သွားမယ်။ တောင်တရုတ်ပင်လယ်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ရှိပါတယ်။ အဲဒီအထူးစီးပွားရေးဇုန်တွေဟာ ဖိလစ်ပိုင်နိုင်ငံရဲ့အချုပ်အခြာပိုင်နက်တွေသာ ဖြစ်ပါတယ်" ဟု ပြောသည်။


ဖိလစ်ပိုင်သည် အမေရိကန်နိုင်ငံ အားကိုးဖြင့် တရုတ်နိုင်ငံကို ရန်စမှုများ ဆက်လက်လုပ်ကိုင်နေကြောင်း၊ ဖိလစ်ပိုင် ၏လုပ်ရပ်က ဒေသအတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးကို ဆိုးရွားစွာ ထိခိုက်လာဖွယ်ရှိနေကြောင်း တရုတ်အစိုးရ ၏ အာဘော်သတင်းဌာနဖြစ်သော People's Daily က ရေးသားဖော်ပြထားသည်။


ဖိလစ်ပိုင်အစိုးရဘက်ကတော့ တောင်တရုတ်ပင်လယ်အတွင်း သွားလာနေသော ဖိလစ်ပိုင်သင်္ဘောများကို ဝင်တိုက်သော တရုတ်စစ်သင်္ဘောများ၏လုပ်ရပ်က အလွန်အန္တရာယ်ရှိနေကြောင်း၊ တရုတ်နိုင်ငံက ချိုးဖောက်မှု များ ကျူးလွန်းနေခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ တရုတ် နှင့် ဖိလစ်ပိုင်နိုင်ငံကြား ပိုင်နက်နယ်မြေအငြင်းပွား မှုသည် ၂ဝ၂၃ ခုနှစ်အတွင်းတွင် ပိုမိုအရှိန်မြင့်လာနေပြီး အပြန်အလှန်ဝေဖန်ပြောဆိုနေကြသည်ကို တွေ့ရသည်။

ဖိလစ်ပိုင်သည် အငြင်းပွားမှုများဖြစ်ပွားနေသည့် Second Thomas Shoal ကျွန်းနားတွင် ရေတပ်အခြေစိုက်စခန်း များ တည်ဆောက်နိုင်ရန်အတွက် ဆောက်လုပ်ရေးပစ္စည်းများပေးပို့ကာ တင်းမာမှုများဖြစ်ဖို့ ဖန်တီးနေကြောင်း ဖိလစ်ပိုင်နိုင်ငံဆိုင်ရာတရုတ်သံရုံးက ဝေဖန် ပြောဆိုထားသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖွံ့ဖြိုးတိုးတက်ရန် တရုတ်နိုင်ငံ၏ ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းကို တပ်ချုပ် အလေးပေးပြောကြား

RECENT POSTS
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
နိုင်ငံတစ်ဝန်းအရေးပေါ်အများပြည်သူသတိပေးစနစ် စမ်းသပ်လေ့ကျင့်မှုတွေကို ရုရှားအစိုးရလုပ်ဆောင်
02 Oct 2024
အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေမြင့်တက်လာမှုနဲ့အတူ အီရန်က အစ္စရေးကို ဒုံးကျည်အစင်းရေ(၂ဝဝ)ကျော်နဲ့ပစ်ခတ်တိုက်ခိုက်
02 Oct 2024
ထိုင်းအစွန်းရောက်လူနည်းစုက ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နေကြသော ရွှေ့ပြောင်းလုပ်သားများကို ပစ်မှတ်ထားစီးပွားရေးပိတ်ပင်ရန် ကြိုးပမ်းလာခြင်းကြောင့် မြန်မာများ သတိထားနေထိုင်ရန် လိုအပ်လာ
02 Oct 2024
ပအိုဝ်းနယ်မြေအထူးဒေသ (၆)အတွင်း ဝင်ရောက်နေထိုင်သည့် KNDF ပူးပေါင်းအဖွဲ့များကို တိုက်ထုတ်သွားမည်ဟု PNA ဆို
02 Oct 2024
အကြမ်းဖက်အဖွဲ့များ ထိန်းချုပ်ရာဒေသများကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လာဖွယ်ရှိ၍ ဒေသခံပြည်သူများက သတိပြုရှောင်ရှားရန် လိုအပ်
02 Oct 2024
တိုက်ပွဲများကြောင့် သွင်းကုန်များအပေါ် ရိုက်ခတ်မှုများရှိနေရာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ ပိုအထိနာနေ
02 Oct 2024
မြန်မာနိုင်ငံတွင် အလုပ်လုပ်ရန်အကောင်းဆုံးကုမ္ပဏီအဖြစ် MAI မှ BCIM ဆုရရှိ
02 Oct 2024
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး Park Ji-ah ဦးနှောက်သွေးကြောပေါက်ကာ ကွယ်လွန်
01 Oct 2024
သေမင်းတံခါးဝမှအပြန် (ဆောင်းပါး)
01 Oct 2024
နျူကလီးယားလက်နက်တွေအသုံးပြုခဲ့မယ်ဆိုရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားမယ်လို့ တောင်ကိုရီးယားအစိုးရသတိပေး
01 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved