PDF အဖွဲ့က Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၄)ဦး ထိခိုက်ဒဏ်ရာရရှိမှု ကျောက်တံခါးမြို့နယ်၌ဖြစ်ပွား
NSS - ဒီဇင်ဘာ ၂၆
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်တွင် PDF အဖွဲ့က Drop ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦး အပါအဝင် (၄)ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဒီဇင်ဘာလ ၂၅ ရက်)တွင် ပဲခူး တိုင်း၊ ဘာဘူကုန်းကျေးရွာအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာဘူကုန်းကျေးရွာအတွင်းသို့ PDF အဖွဲ့က ယင်းကျေးရွာ၏ မြောက်ဘက် (၃)မိုင်ခန့်အကွာရှိ အမြင့် မီတာ(၅၀၀)ခန့်မှနေ၍ Drop Bomb ဖြင့် နှစ်ကြိမ်တိုင်ပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်းသို့ Drop Bomb များကျရောက်ပေါက်ကွဲသွားခဲ့ပြီး အသက်(၆)နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံလူ(၄)ဦး ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရှိသူများအား ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်း နစကမှ ဆိုသည်။
ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ
16 Sep 2024 | မှုခင်း,ပြည်တွင်း