အိန္ဒိယကမ်းလွန်ပင်လယ်ပြင်တွင် အစ္စရေးနှင့်ဆက်နွယ်နေသည့် သင်္ဘောတစ်စီး ဒရုန်းဖြင့် တိုက်ခိုက်ခံရ
Pika (NSS) - ဒီဇင်ဘာ ၂၄
အိန္ဒိယနိုင်ငံ အနောက်ဖက်ကမ်းလွန် အာရေးဗျပင်လယ်တွင် အစ္စရေးနှင့်ဆက်နွယ်နေသော သင်္ဘောတစ်စီးကို ဒရုန်းတစ်စင်းက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းကြောင့် မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့ကြောင်း ဗြိတိန်ရေကြောင်းလုံခြုံရေးကုမ္ပဏီ Ambrey က ဒီဇင်ဘာလ(၂၃)ရက်တွင် ပြောကြားခဲ့သည်။
လိုက်ဘေးရီးယားအလံလွှင့်တင်ထားသော ဓါတုရေနံတင်သင်္ဘောသည် အိန္ဒိယနိုင်ငံ Veraval မြို့ အနောက် တောင်ဖက် ကီလိုမီတာ(၂ဝဝ)အကွာတွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုအတွင်း မီးလောင်ကျွမ်းမှုများဖြစ်ပွားခဲ့သော်လည်း သင်္ဘောအမှုထမ်းများ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း နှင့် မီးငြိမ်းသတ်မှုများ လုပ်ဆောင်နိုင်ခဲ့ကြောင်း Ambrey ကုမ္ပဏီက ပြောကြားခဲ့သည်။
Ambrey ကုမ္ပဏီ က "ဒီတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှုအချို့ကို အစီရင်ခံစာတင်ခဲ့ပြီး သင်္ဘောကိုယ်ထည်ထဲကိုလည်း ရေအနည်းငယ်ဝင်သွားခဲ့ပါတယ်။ ဒီသင်္ဘောဟာ အစ္စရေးနဲ့ဆက်နွယ်နေတဲ့ သင်္ဘောတစ်စီးပါ။ အဲဒီသင်္ဘောဟာ တိုက်ခိုက်ခံခဲ့ရတဲ့အချိန်မှာ ဆော်ဒီအာရေးဗျနိုင်ငံကို ဆက်သွယ်မှုတွေပြုလုပ်ခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံကို ဆက်လက်ဦးတည်သွားပါတယ်" ဟု ပြောသည်။
တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ(၂၃)ရက် နံနက်ပိုင်းတွင် အကူအညီများပေးရန် တောင်းဆိုမှုကို ချက်ချင်း တုံ့ပြန်ခဲ့ကြောင်း အိန္ဒိယရေတပ်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက "သင်္ဘောသားတွေနဲ့ သင်္ဘောရဲ့ ဘေးကင်းမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးပြီးပါပြီ။ အိန္ဒိယရေတပ်ကလည်း အဲဒီနေရာကိုသွားရောက်ဖို့အတွက် စစ်သင်္ဘောတစ်စီးကို စေလွှတ်ခဲ့ပြီး လိုအပ်တဲ့ အကူအညီတွေအားလုံး ပေးအပ်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါသင်္ဘောကို အီရန်နိုင်ငံက လွှတ်တင်ခဲ့သည့် တိုက်ခိုက်ရေးဒရုန်းတစ်စင်းက ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောကြားခဲ့သည်။ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ သည် အစ္စရေး-ဟားမက်စစ်ပွဲအတွင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးများကို ထောက်ခံကြောင်း ပြောဆိုကာ ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုများ လုပ်ဆောင်နေချိန် တွင် အီရန်နိုင်ငံ၏ ဒရုန်းဖြင့် တိုက်ခိုက်မှုထွက်ပေါ်လာခြင်းဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်နိုင်ငံ၊ အလာဘားမားမှာ ရှားရှားပါးပါး သားအိမ်နှစ်ထပ်နဲ့ အမျိုးသမီးအမွှာမိန်းကလေး မွေးဖွား
RELATED POSTS
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
23 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ