ငါန်းဇွန်မြို့နယ်၌ အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်
NSS - ဒီဇင်ဘာ ၂၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် အမျိုးသားတစ်ဦးအား PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးသော ဒီဇင်ဘာ ၂၁ ရက်၊ ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ငါန်းဇွန်မြို့နယ်၊ မြို့သာအနောက်ကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဦးမင်းအောင်(၅၅)နှစ်သည် နေအိမ်၌ရှိနေစဉ် PDF အဖွဲ့ဝင် (၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့် ရောက်ရှိလာကာ သေနတ်ဖြင့်ပစ်ခတ်ကာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးမင်းအောင်၏ ရင်ဘက်နှင့် ဆီးခုံတို့တွင် ကျည်ဖောက်ဝင်ဒဏ်ရာ(၃)ချက်ရရှိကာ အခင်းဖြစ်ရော၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်သူများအတွက် တစ်ဧကလျှင် (၄)သိန်းနှုန်း ထုတ်ချေးမည့်ကာလတိုချေးငွေကို ရက်ပိုင်းအတွင်း ဧက(၅ဝဝဝဝ)ခန့် လျှောက်ထား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ