Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယခုလကုန်၌ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်ရပ်စဲမှု သက်တမ်းကုန်မည်ဖြစ်ပြီး နောက်ထပ်ဆုံးဖြတ်ချက် တစ်ရပ်အပေါ် နိုင်ငံရေးအသိုင်းဝိုင်း စိတ်ဝင်စားနေ

မြူနစ် (NSS) - ဒီဇင်ဘာ ၂၃

ယခု ဒီဇင်ဘာလကုန်၌ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်ရပ်စဲမှုသည် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ်ဆုံးဖြတ် ချက်တစ်ရပ်အပေါ် နိုင်ငံရေးအသိုင်းအဝိုင်းက စိတ်ဝင်စားနေလျက်ရှိသည်။


နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာယန္တရားများကို နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ ရပ်စဲကြောင်း တပ်မတော်ဘက်က ကြေညာခဲ့သည်။

ထိုသို့ ရပ်စဲပေးခြင်းသည် လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှုလုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် နှင့် ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့် တနေသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက်ဖြစ်ကြောင်း တပ်မတော်ဘက်က ဆိုထားသည်။

လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း နှင့် ပဲခူးတိုင်းအတွင်းရှိ နေရာဒေသအချို့တွင် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF ပူးပေါင်းအဖွဲ့ များက တိုက်ပွဲများ အပြင်းအထန်ဖော်ဆောင်လျက်ရှိသည်။

တပ်မတော်၏ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲမှု သက်တမ်းသည် မကြာခင် ဒီဇင်ဘာလ ၃၁ ရက်တွင် ကုန်ဆုံးတော့မည် ဖြစ်ပြီး လက်ရှိ နိုင်ငံအတွင်းဖြစ်ပွားနေသည့် တိုက်ပွဲများနှင့်ပတ်သက်၍ တပ်မတော်သည် ခုခံစစ်အနေဖြင့်သာ ပြန်လည်ခု ခံနေသည်ကို တွေ့ရကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းက မှတ် ချက်ပြုထားသည်။

“ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ဖြစ်သလို နိုင်ငံတော်အကြီးအကဲဖြစ်နေတဲ့အခါမှာ သူ့ရဲ့ ပေးထားချက်တွေက ကမ္ဘာသိဖြစ်ကြတာကိုဗျ။ ဥပမာ ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်တာတို့၊ အခါ အားလျော်စွာအပစ်အခတ်ကို တစ်ဖက်သတ်ရပ်ဆိုင်းတာတို့ကို ကြေညာထားတာ တွေ့ရတယ်”ဟု ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က NSS ကို ပြောသည်။

ထို့ကြောင့် လာမည့် ဒီဇင်ဘာလ ၃၁ ရက်မတိုင်ခင်အချိန်တွင် တပ်မတော်ဘက်က ဆုံးဖြတ်ချက်အသစ်တစ်ရပ် ထွက်ပေါ်လာနိုင်ကြောင်းလည်း ၎င်းက ထပ်မံသုံးသပ်ထားသည်။

“ဒီကြားမှာ ဒီဇင်ဘာလ ၃၁ ရက်အထိ အပစ်အခတ်ရပ်ထားတာလည်း ရှိတယ်။ မိမိတပ်စခန်းကို လာတိုက်မှပဲ ပြန်တိုက်မယ်ဆိုတာက ရှိတယ်လေ။ အဲဒီတော့ သူ ဘာလုပ်မယ်ဆိုတဲ့ ဆုံးဖြတ် ချက်သည် အပစ်အခတ်ရပ်တာကို ဆက်ပြီး ကိုင်စွဲထားမှာလား။ မကိုင်စွဲတော့ဘူးလားဆိုတာ ၂၀၂၄ ခုနှစ်ရဲ့ ဆုံးဖြတ်ချက်က ဒီဇင်ဘာလ ၃၁ ရက်မှာ ထွက်လာနိုင်ပါတယ်။ အဲဒီနောက်မှာ စစ်ဘောင်ပိုကျယ်သွားမှာလား။ မြန်မာနိုင်ငံရဲ့ လားရာကို ဘယ်လိုချဉ်းကပ်ကြမှာလဲ။ ဒါက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်ကြီးများရဲ့ ကာကွယ်ရေးဦးစီးချုပ်အပါအဝင် ယာယီသမ္မတတို့ရဲ့ သုံးသပ်ချက်တွေ ပါလာနိုင်သလို လက်နက်ကိုင်အဖွဲ့အစည်းခေါင်း ဆောင်များသည်လည်း စစ်ဘောင်ကို ပိုကြီးအောင် ထပ်လုပ်ကြမှာလား။ နိုင်ငံရေးအားဖြင့် ပိုကျယ်လာအောင် လုပ်မှာလားဆိုတာက လာမယ့်နှစ်သစ်မှာပေါ်ထွန်းလာနိုင်ပါတယ်။” ဟု ဒေါက်တာအေးမောင်က ပြောသည်။

ထို့ပြင် လာမည့် ၂၀၂၄ ခုနှစ်အတွင်း၌ တပ်မတော်နှင့် လက် နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင် ကြောင်းလည်း ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိန်ဝင်းက NSS ကို သုံးသပ်ပြောသည်။

“တစ်ဖက်သတ်ရပ်ထားတယ်။ ဒါပေမယ့် သူတို့ ခံရတယ်လေ။ အဲဒီတော့ တစ်ဖက်သတ် မရပ်တော့ဘဲနဲ့  ၂၀၂၄ မှာတော့ သူတို့က ကြမ်းတော့မယ်လို့ မြင်တာပဲ။ သူတို့ ထိပ်တိုက်တွေ့ကြလိမ့်မယ်လို့ အန်ကယ်မြင်တယ်” ဟု လွှတ်တော်အမတ် ဟောင်းဦးစိန်ဝင်းက သုံးသပ်ထားသည်။

ထာဝရငြိမ်းချမ်းရေး ရရှိရန်ရည်ရွယ်ကာ တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်မှစတင်ကာ ၂၀၂၂ ခုနှစ် ဒီဇင် ဘာလ ၃၁ ရက်အထိ တစ်ဖက်သတ်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးအတွက် ထုတ်ပြန်ချက်ပေါင်း (၂၁)ကြိမ်ထုတ်ပြန်ကာ ကြေ ညာခဲ့ဖူးသည်။

မြောက်ပိုင်းမဟာမိတ်လက်နက်ကိုင် (၃)ဖွဲ့ဖြစ်သည့် MNDAA၊ TNLA၊ AA တို့သည် (၁၀၂၇ စစ်ဆင်ရေး)အမည်ဖြင့် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ရှမ်းပြည်နယ်အရှေ့ မြောက်ပိုင်းရှိ လုံခြုံရေးစခန်းများကို အင်အားအလုံးအရင်းဖြင့် ဝင်တိုက်ကာ စခန်းအများအပြားကို သိမ်းပိုက်ထားသည်။

အဆိုပါစစ်ဆင်ရေး စတင်ခဲ့ပြီးနောက်ပိုင်း အခြားသော ပြည် နယ်နှင့်တိုင်းများတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် PDF အဖွဲ့များ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်မှုများ ရှိနေသည်။

နစက၏ NSPNC နှင့် မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့တို့သည် ပြီးခဲ့သောရက်ပိုင်းအတွင်း တရုတ်နိုင်ငံ၌ စစ်ရေးအစား နိုင်ငံရေးဖြင့် ဖြေရှင်းရန် တွေ့ဆုံဆွေးနွေးမှုများရှိခဲ့သော်လည်း လက်ရှိတွင် နှစ်ဖက်ကြား၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေလျက်ရှိသည်ကို တွေ့ရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တရုတ်က ဗီဒီယိုဂိမ်းတွေမှာ အသုံးစရိတ်လျှော့ချနိုင်မယ့် စည်းမျဉ်းသစ်တွေကို စတင်မိတ်ဆက်

RELATED POSTS
RECENT POSTS
ရခိုင်စစ်ဘေးရှောင် (၅ဝဝ)နီးပါး အရေပြားရောဂါဖြစ်နေသော်လည်း AA မကူညီနိုင်
23 Sep 2024
‘‘ရေဘေးဖြစ်စဉ်မှ ပြန်လည်တွေ့မြင်လာရတဲ့ မြန်မာတို့ရဲ့လေးစားဖွယ်အပြုအမူတွေနဲ့ အကြမ်းဖက်အားပေးတို့ရဲ့ မနာလိုမှု” (အနုပညာဆောင်းပါး)
23 Sep 2024
အမေရိကန်နိုင်ငံမှာ ရွေးကောက်ပွဲမတိုင်မီ အစုလိုက်အပြုံလိုက်ပစ်ခတ်မှုတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာနေ
23 Sep 2024
အလေးချိန်(၃၀၀)ကီလိုဂရမ်ရှိတဲ့ ပထမကမ္ဘာစစ်အတွင်းက ဗုံးတစ်လုံးကို အောင်မြင်စွာ ဖယ်ရှားပစ်နိုင်ခဲ့တယ်လို့ ဆားဘီးယားရဲတပ်ဖွဲ့ပြော
23 Sep 2024
လာမယ့်အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ၂ဝ၂၈ ခုနှစ်ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်ဘူးလို့ ဒေါ်နယ်ထရမ့်ပြော
23 Sep 2024
PDF များက ကျေးရွာများကို မီးရှို့ဖျက်ဆီးပြီး ရွာသား(၅ဝ)ကျော်ကို ဖမ်းဆီးသွားမှု ချောင်းဦး၌ဖြစ်ပွား
23 Sep 2024
အင်းလေးဒေသရေကြီးမှု ကြာရှည်နိုင်ပြီး သုံးလစာ သောက်သုံးရေ လိုအပ်နေ
23 Sep 2024
နိုင်ငံ့မြောက်ပိုင်း၌ နျူထိပ်ဖူးတပ် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ကျက်ခြင်းဖြင့် အိန္ဒိယ၏ ခြိမ်းခြောက်မှုကို တုန့်ပြန်မည်ဟု ဆို
23 Sep 2024
‌ရေဘေးသင့် ပြည်သူ့ဘဝကို ပြန်လည်ထူထောင်ကြဦးစို့ (ဆောင်းပါး)
23 Sep 2024
ပေါင်းလောင်းရေလှောင်တမံ ကျိုးတော့မည်ဆိုသည့်သတင်းမှာ လုံးဝမဖြစ်နိုင်ကြောင်း နစကထုတ်ပြန်
23 Sep 2024
APTERR အစီအစဥ်ဖြင့် အရန်ဆန် တန်(၁ဝဝဝ)ကျော်ကို ရေဘေးသင့်ဒေသများသို့ ထောက်ပံ့မည်
23 Sep 2024
အမေရိကန်နိုင်ငံ၊ မိန်းပြည်နယ်ရှိ လယ်ယာအိမ်တစ်ခုမှာ ၁၈ ရာစုကတည်းက ရှိနေတဲ့ ပျားအုံကြီးတွေ့ရှိ
23 Sep 2024
တရုတ်နိုင်ငံ၊ ဂွမ်ဒေါင်းရှိ တိရစ္ဆာန်ရုံတစ်ခုမှာ ပန်ဒါပုံစံခွေးလေးတွေ ခရီးသွားတွေကြား ရေပန်းစားနေ
23 Sep 2024
EXO အဖွဲ့ဝင် ဒိုကွမ်ဆို (D.O.) ကို ရည်ညွှန်းတဲ့ ညစ်ညမ်းတဲ့ပိုစ့်တွေနဲ့ ကောလဟာတွေ ပြောဆိုသူတွေကို တရားဥပဒေအရ အရေးယူမည်
23 Sep 2024
မြောက်ကိုရီးယားက ပေးပို့ခဲ့တဲ့မိုးပျံပူဖောင်းတွေက တောင်ကိုရီးယားရဲ့အစိုးရအဆောက်အဦးတွေအထိကို ရောက်ရှိလာ
22 Sep 2024
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved