ရွှေတောင်မြို့နယ်တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့မျက်နှာချင်း ဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - ဒီဇင်ဘာ ၂၃
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့မျက်နှာချင်းဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း ပရဟိတနာရေးကူညီမှုအသင်း ရွှေတောင်မြို့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၂၃ ရက်)၊ မွန်းလွဲ ၁၂နာရီ ၂၀မိနစ်အချိန်တွင် ရွှေတောင်မြို့နယ်၊ ကြို့ကုန်းကျေးရွာအနီး၊ ရန်ကုန်-ပြည် ကားလမ်းပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ သိရတာတော့ ရန်ကုန်ဘက်ကလာတဲ့ကားနဲ့ ပြည်ဘက်နေလာတဲ့ ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိတာပါ။ ဆိုင်ကယ်မောင်းတဲ့လူကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု ပရဟိတနာရေးကူညီမှုအသင်း ရွှေတောင်မြို့မှတာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် အသက်(၃၀)ကျော်အရွယ်ရှိ ဆိုင်ကယ်ယာဉ်မောင်းနှင်းသူအမျိုးသားတွင် မျက်နှာတစ်ခြမ်းပွန်းပဲ့ဒဏ်ရာ၊ ဆီးခုံ အပေါ်ပိုင်းပေါက်ပြဲဒဏ်ရာနှင့် ဘယ်ခြေထောက်ကျိုးကြေဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်သမားက မျက်နှာတော့တစ်ခြမ်းလုံးပျက်စီးသွားတာ။ ဆီးခုံနေရာမှာလည်းကွဲတယ်။ ခြေထောက်ဆိုကျိုးကြေသွားတာ။ မျက်နှာကပျက်နေတေ့ မိသားစုနဲ့က ဆက်သွယ်လို့မရသေးဘူး။ အဲဒီအနားက အရမ်းဖြစ်တက်တယ်။ ဖြစ်ရင်လည်း အသေအကြေတွေချည်းပဲ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုသားအား ပရဟိတနာရေးကူညီမှုအသင်းမှ ရွှေတောင်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းယာဉ်တိုက်မှုနှင့်ပတ်သက်၍ အိမ်စီးကားမှ ယာဉ်မောင်းဖြစ်သူအား သက်ဆိုင်ရာမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း ထူးခြားသတင်းများ
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ