တရုတ်နိုင်ငံရဲ့လေထုညစ်ညမ်းမှုနှုန်းက (၁၀)စုနှစ်အတွင်း အမြင့်ဆုံးကိုရောက်ရှိလာ
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၂၃
တရုတ်နိုင်ငံရဲ့လေထုညစ်ညမ်းမှုနှုန်းဟာ ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ် အဆိုးရွားဆုံးဖြစ်နေခဲ့ကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။
၂၀၂၃ ခုနှစ်အတွင်း တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုနှုန်းဟာ PM2.5 level ထက်ပိုမိုမြင့်မားနေခဲ့ကြောင်း၊ အဲဒီလေထုညစ်ညမ်းမှုဟာ ၁၀ စုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း Centre for Research on Energy and Clean Air (CREA)အဖွဲ့ရဲ့စစ်တမ်းမှာဖော်ပြထားပါတယ်။ လေထုညစ်ညမ်း မှုနှုန်းဟာ PM2.5 အထက်ရှိနေမယ်ဆိုရင် ပြည်သူတွေဟာ အသက်ရှုရကြပ်ခြင်း၊ နှလုံးနဲ့ အဆုတ်ရောဂါရှိသူများ အရွယ်မတိုင်ခင် သေဆုံးနိုင်မှုအပါအဝင် ကျန်းမာရေးပြဿနာတွေရင်ဆိုင်ရဖွယ်ရှိနေကြောင်း သိရပါတယ်။
CREA အဖွဲ့ရဲ့အဆိုအရ ၂၀၂၃ ခုနှစ်အတွင်း လေထုညစ်ညမ်းမှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်နဲ့နှိုင်းယှဉ်ရင်များစွာမြင့်တက်နေခဲ့ပြီး တရုတ်နိုင်ငံရဲ့အဓိကမြို့တော်ဖြစ်တဲ့ ဘေဂျင်းမြို့အပါအဝင် နိုင်ငံအတွင်းရှိ ဒေသအားလုံးရဲ့ ၈၀ ရာခိုင်နှုန်း လေထုညစ်ညမ်း မှုနှုန်းကို ရင်ဆိုင်နေရကြောင်းဖော်ပြထားပါတယ်။ တရုတ်နိုင်ငံဟာ လေထုညစ်ညမ်းမှုနှုန်းမြင့်တက်နေခြင်းကြောင့် ၂၀၁၅ ခုနှစ်အိုလံပစ် အားကစားပြိုင်ပွဲကျင်းပနေချိန်ကာလအတွင်း ကျောက်မီးသွေးစက်ရုံများ အများအပြားပိတ်ခဲ့ရသလို အကြီးစားစက်မှုလုပ်ငန်းတွေကို နေရာပြောင်းရွှေ့တာလုပ်ခဲ့ရကြောင်းသိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေတောင်မြို့နယ်တွင် အိမ်စီးကားနှင့် ဆိုင်ကယ်တို့မျက်နှာချင်း ဆိုင်တိုက်မိရာမှ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း