ရုရှားတပ်ဖွဲ့များလွှတ်တင်ခဲ့သော အီရန်ထုတ်ဒရုန်းများကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းပြော
Pika (NSS) - ဒီဇင်ဘာ ၂၁
ယူကရိန်းမြို့တော် ကိဗ်ယက်နှင့် နိုင်ငံတစ်ဝန်းအခြားနေရာများရှိ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ရုရှားတပ်ဖွဲ့များက လွှတ်တင်ခဲ့သော အီရန်ထုတ်ဒရုန်း ဒါဇင်ပေါင်းများစွာကို ပစ်ချခဲ့ကြောင်း ယူကရိန်းစစ်ဘက်က ဒီဇင်ဘာလ(၂၁)ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ယူကရိန်းလေတပ် က "ရုရှားတပ်ဖွဲ့တွေဟာ ခရိုင်းမီးယားဒေသ၊ Primorsko-Akhtarsk ဒေသနဲ့ Kursk ဒေသတွေကနေ Shahed အမျိုးအစား ဒရုန်းတွေကို လွှတ်တင်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ရုရှားတပ်ဖွဲ့ဝင်တွေရဲ့ဒရုန်း(၃၅)စင်းအနက် (၃၄)စင်းကို ပစ်ချနိုင်ခဲ့ပါတယ်" ဟု ပြောခဲ့သည်။
သို့သော်လည်း အဆိုပါတိုက်ခိုက်မှုအတွင်း ထိခိုက်သေဆုံးမှုများ ရှိ/မရှိ ဆိုသည့်အချက်ကို လက်ရှိအချိန်အထိ သတင်းထုတ်ပြန်ထားခြင်းမျိုး မရှိသေးကြောင်း သိရသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုများသည် ယူကရိန်းနိုင်ငံတွင် နေ့စဉ်ဖြစ်ပွားနေပြီး ယူကရိန်းအစိုးရသည် ၎င်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို မိတ်ဖက်နိုင်ငံများ ဖြစ်သော အမေရိကန် နှင့် ဥရောပရှိနိုင်ငံများထံမှ စစ်လက်နက်ပစ္စည်းများဖြင့် အားဖြည့်မှုများ လုပ်ဆောင်ထား ကြောင်းလည်း သိရသည်။
ထို့အပြင် ရုရှားသည် ယူကရိန်းနိုင်ငံကို ညအချိန်တိုက်ခိုက်မှုများအား ပိုမိုအရှိန်မြှင့်လုပ်ဆောင်လာခဲ့ကြောင်းလည်း သိရသည်။ အဆိုပါအချက်များကြောင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များကို ထပ်မံကူညီပံ့ပိုးပေးရန် ၎င်း၏ မိတ်ဖက်နိုင်ငံများကို ယူကရိန်းက တောင်းဆိုထားကြောင်းလည်း သိရသည်။ အမေရိကန်နိုင်ငံသည် ယခုနှစ် မကုန်ဆုံးမီ အချိန်အတွင်း ယူကရိန်းအတွက် နောက်ထပ်အကူအညီအသစ်များကို အတည်ပြုပေးနိုင်မည်မဟုတ် ကြောင်း အမေရိကန်အထက်လွှတ်တော်ရှိ ဒီမိုကရက်တစ်များ နှင့် ရီပတ်ဘလစ်ကန်ခေါင်းဆောင်များက ဒီဇင်ဘာလ(၁၉)ရက်တွင် ပြောကြားခဲ့သည်။
ရုရှားအစိုးရသည် ယူကရိန်းကို မှောင်မိုက်ပြီး အေးခဲနေသောအခြေအနေများတွင် ထားရှိရန်အတွက် ၎င်း၏ စွမ်းအင်အခြေခံအဆောက်အဦးများကို ဖျက်ဆီးရန်နှင့် အရပ်သားများအပေါ် အကြမ်းဖက်မှုများလုပ်ဆောင်ရန် ကြိုးပမ်းနေကြောင်း ယူကရိန်းအစိုးရက စွပ်စွဲပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ကိုရီးယား၏ စွမ်းရည်များကို ရန်သူများက ကြောက်ရွံ့သင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင်ပြော
RELATED POSTS
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,နိုင်ငံတကာ
22 Sep 2024 | နိုင်ငံရေး,ပြည်တွင်း