Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကုန်တင်သင်္ဘောများကိုကာကွယ်ပေးမည့် အမေရိကန်၏မစ်ရှင်ကို ပံ့ပိုးနိုင်ရန် စစ်ဘက်ဆိုင်ရာဝန်ထမ်းများ စေလွှတ်သွားမည်ဟု ဩစတြေးလျစစ်ဘက်ပြော

Pika (NSS) - ဒီဇင်ဘာ ၂၁ 

ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ကာကွယ်ရန်အတွက် အမေရိကန်ဦးဆောင်သောမစ်ရှင်ကို ကူညီပံ့ပိုးရန် စစ်ဘက်ဆိုင်ရာဝန်ထမ်း(၁၁)ဦးကို စေလွှတ်သွားမည်ဖြစ်ကြောင်း ဩစတြေးလျကာကွယ်ရေးဝန်ကြီး ရစ်ချာ့ဒ်မားလက်စ်က ဒီဇင်ဘာလ(၂၁)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။


သို့သော်လည်း မစ်ရှင်ကို ကူညီပံ့ပိုးရန်အတွက် စစ်သင်္ဘောများ နှင့် တိုက်လေယာဉ်များကို စေလွှတ်မည်မဟုတ် ကြောင်း ရစ်ချာ့ဒ်မားလက်စ်က ပြောကြားခဲ့သည်။ ထို့အပြင် ဩစတြေးလျစစ်တပ်သည် ပစိဖိတ်ဒေသကို ဆက်လက်အာရုံစိုက်ရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောများကို ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့က ဒုံးကျည်များ၊ ဒရုန်းများ ဖြင့် ပစ်ခတ်တိုက်ခိုက်နေမှုကို ကာကွယ်ရန်အတွက် နိုင်ငံအများအပြားသည် တပ်ဖွဲ့တစ်ခုကို ဖန်တီးနေကြောင်း အမေရိကန်နိုင်ငံက ယခုသီတင်းပတ်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 


အဆိုပါစစ်ဘက်ဆိုင်ရာဝန်ထမ်း(၁၁)ဦးကို လာမည့်ဇန်နဝါရီလတွင် ဘာရိန်းနိုင်ငံရှိ Operation Prosperity Guardian ဌာနချုပ်သို့ စေလွှတ်သွားမည်ဖြစ်ကြောင်း ရစ်ချာ့ဒ်မားလက်စ်က ပြောကြားခဲ့သည်။ ၎င်း က "ကျွန်တော်တို့စစ်သင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေတော့ စေလွှတ်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မဟာဗျူဟာမြောက်အာရုံစိုက်မှုက ကျွန်တော်တို့ဒေသပဲဖြစ်ပါတယ်။ အဲဒါတွေက အရှေ့မြောက်အိန္ဒိယသမုဒ္ဒရာ၊ တောင်တရုတ်ပင်လယ်၊ အရှေ့တရုတ်ပင်လယ်၊ ပစိဖိတ်သမုဒ္ဒရာတို့ပဲဖြစ်ပါတယ်" ဟု ပြောခဲ့သည်။

ဒေသအတွင်း တရုတ်၏ ဩဇာအာဏာများ ပိုမိုကြီးထွားလာခြင်းကြောင့် အမေရိကန် နှင့် ၎င်း၏ မိတ်ဖက်နိုင်ငံများ ကြားတွင် စိုးရိမ်မှုများ ပိုမိုမြင့်တက်လာနေကြောင်း သိရသည်။ ဩစတြေးလျသည် အမေရိကန်နိုင်ငံ၏ အနီးကပ် ဆုံး စစ်ရေးမဟာမိတ်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ 

ထို့အပြင် ဩစတြေးလျသို့ Virginia အမျိုးအစား နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရောင်းချခွင့်ပြု သည့်ဥပဒေကို ပြီးခဲ့သည့်သီတင်းပတ်တွင် အမေရိကန်လွှတ်တော်က အတည်ပြုခဲ့ကြောင်းလည်း သိရသည်။ ပင်လယ်နီသို့ စစ်သင်္ဘောများ စေလွှတ်ပေးရန် အမေရိကန်၏တောင်းဆိုမှုကို ငြင်းဆိုခြင်းသည် ဩစတြေးလျနိုင်ငံ အတွက် ယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံများကို ပိုမိုနည်းပါးလာစေသည်ဆိုသည့် အတိုက်အခံ လွှတ်တော်အမတ်များ၏ ဝေဖန်မှုကို ရစ်ချာ့ဒ်မားလက်စ်က ငြင်းဆန်ပယ်ချခဲ့ကြောင်းလည်း သိရသည်။ 

၎င်းက "ဒါဟာ လုံးဝရယ်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အမေရိကန်ဟာ ဩစတြေးလျကာကွယ်ရေး တပ်ဖွဲ့ရဲ့ကျွမ်းကျင်မှုတွေကိုနားလည်ပါတယ်။ ပြီးတော့ အာရှ-ပစိဖိတ်ဒေသကို ဆက်လက်အာရုံစိုက်ဖို့ လိုအပ် တယ်ဆိုတာကို အမေရိကန်က နားလည်ပါတယ်" ဟု ပြောခဲ့သည်။

မကြာသေးမီကာလအတွင်း ပင်လယ်နီအတွင်းရှိ ကုန်တင်သင်္ဘောအများအပြားသည် ယီမင်အခြေစိုက်ဟူသီ လက်နက်ကိုင်အဖွဲ့၏ ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ခံခဲ့ရကြောင်းလည်း သိရသည်။ ထို့အပြင် လုံခြုံရေးအာမခံချက်မရမချင်း Bab el-Mandeb ရေလက်ကြားသို့ မဝင်ရောက်ကြရန် သင်္ဘောကုမ္ပဏီ အများအပြားက ၎င်းတို့၏ သင်္ဘောများကို ညွှန်ကြားခဲ့ကြောင်းလည်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ရုရှားတပ်ဖွဲ့များလွှတ်တင်ခဲ့သော အီရန်ထုတ်ဒရုန်းများကို အောင်မြင်စွာပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းပြော

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved