PDF အဖွဲ့ကပစ်ခတ်သော Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် (၂)ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှု ကျောက်တံခါးမြို့နယ်၌ ဖြစ်ပွား
NSS - ဒီဇင်ဘာ ၂၁
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်ရှိ ကျေးရွာတစ်ခုအ တွင်းသို့ PDF အဖွဲ့ကပစ်ခတ်သော Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီး(၂)ဦးသေဆုံးကာ ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သော(ဒီဇင်ဘာလ ၁၉ ရက်)၊ ညနေ ၅နာရီအချိန်ခန့်တွင် ကျောက်တံခါးမြို့နယ်၊ သူဌေးကုန်းကျေးရွာအတွင်း၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
သူဌေးကုန်းကျေးရွာအတွင်းသို့ PDF အဖွဲ့က ၎င်းကျေး ရွာ၏အရှေ့မြောက်ဘက်(၃)သုံးမိုင်ခန့်မှနေ၍ Drone အသုံးပြုကာ အမြင့်မီတာ(၅၀၀)ခန့်မှ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နစကမှ ဆိုသည်။
ထိုသို့ ပစ်ချတိုက်ခိုက်ခဲ့ရာ အဆိုပါကျေးရွာအတွင်းသို့ Drop Bomb တစ်လုံးကျရောက်ပေါက်ကွဲသွားခဲ့ပြီး ကျေးရွာနေဒေသခံ အမျိုးသမီး(၂)ဦးသည် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သည့်အပြင် အသက် (၂)နှစ်အရွယ်ကလေးငယ်တစ်ဦးသည်လည်း ဗုံးစထိမှန် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထို့နောက် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ထို့ကြောင့် ဗုံးပစ်ချတိုက်ခိုက်မှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း နစကမှ သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်လုပ်မိုင်းတပ်ဆင်ထားသော Bluetooth ဘောက်မှ ပေါက်ကွဲမှုထပ်မံဖြစ်ပွားခဲ့ရာ အရပ်သားထိခိုက်ခဲ့မှု ရန်ကုန်မြို့၌ ဖြစ်ပွား
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ