Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ကလေးစစ်သား (၁ဝ၅၇)ကျော်ကို နုတ်ထွက်ခွင့်ပြုထားပြီး တပ်မတော်သို့ ဝင်ရောက်လာသည့် လူငယ်များကို အရိုးဓာတ်မှန်ရိုက်၍ စစ်ဆေးနေဟု ကာကွယ်ရေးဝန်ကြီးပြော

ကျော်(NP News) - ဒီဇင်ဘာ ၂၀

တပ်မတော်တွင်တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသည့် လူငယ်များကို အရိုးဓာတ်မှန်ရိုက်၍ စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းက ပြောသည်။


ယမန်နေ့ (ဒီဇင်ဘာလ ၁၉ ရက်)၊ မွန်းလွဲပိုင်းက အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေး(၂/၂၀၂၃)တွင် ကာကွယ်ရေးဝန်ကြီးက အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးကော်မတီသည် တပ်မတော်အတွင်း အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်သည်အဖြစ်စုဆောင်းခြင်းနှင့်အသုံးပြုမှုမရှိစေရေး၊ တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန်ဝင်ရောက် လာသော သံသယဖြစ်ဖွယ်လူငယ်များကို လက်ခံမှုမရှိစေရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြော သည်။

ထို့ပြင် အသက်မပြည့်ကြောင်း စိစစ်တွေ့ရှိသည့် စစ်သည်များကိုလည်း မိဘအုပ်ထိန်းသူများထံသို့ ပြန် လည်လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကလေးစစ်သည်များနှင့်ပတ်သက်၍ တပ်မတော် (ကြည်း) သည် ၂၀၀၆ ခုနှစ်ကထုတ်ပြန်ခဲ့သည့် ကုလ သမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ ကလေးသူငယ်များနှင့်လက်နက်ကိုင်ပဋိပက္ခဆိုင်ရာနှစ်စဥ်အစီရင်ခံ စာ၌ ပထမဦးစားပေးစာရင်းတွင် ပါဝင်လာခဲ့သည်ဟု ပြောသည်။

ယင်းစာရင်းမှပယ်ဖျက်နိုင်ရန် အစိုးရ နှင့် CTFMR တို့ကြား အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာကွယ်တားဆီးထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

"အဲဒီလို ဆောင်ရွက်ခဲ့တဲ့အချိန်ကစပြီး ဒီနေ့အထိ ကလေးစစ်သည် (၁၀၅၇)ယောက်ကို တပ်မတော်ကနေနုတ်ထွက်ခွင့်ပြုပြီး မိဘအုပ်ထိန်းသူတွေဆီကိုပြန်လည်လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပါတယ်"ဟု ဗိုလ်ချုပ်ကြီးတင်အောင်စန်းကပြောသည်။

ထို့ပြင် တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ဝင်ရောက်လာသည့် လူငယ်များအား အရိုးဓာတ်မှန်ရိုက်၍ စိစစ်ပြီး အသက်မပြည့်သောလူငယ်များအား နေရပ်သို့ပြန်လည်စေလွှတ်ပေးလျက်ရှိကာ CTFMR မှပေးပို့လာသည့် သံသယဖြစ်ဖွယ် စစ်သည်များကိုလည်း ဆက် လက် စိစစ်လျက်ရှိပြီး မှန်ကန်ပါကနုတ်ထွက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

တပ်မတော်အနေဖြင့် တပ်သားသစ်စုဆောင်းရေးကဏ္ဍတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း စုဆောင်းလျက်ရှိပြီး အသိပညာပေး လုပ်ငန်းများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တပ်မတော်သို့ အကြောင်းအမျိုးမျိုးကြောင့် ဝင်ရောက် လာသည့် ကလေးသူငယ်များအားနုတ်ထွက်ခွင့်ပြုလျက်ရှိပြီး မှားယွင်းစုဆောင်းခဲ့သော တာဝန်ရှိသူများကိုလည်း စစ်စည်းကမ်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

တာချီလိတ်မြို့တွင် ငွေကျပ်သိန်း(၂၄၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved