ဗြိတိန်မင်းသမီးဒိုင်ယာနာ ဝတ်ဆင်ခဲ့တဲ့ 80s ညနေခင်းဝတ်စုံ ဒေါ်လာ ၁.၁၄၈ သန်းနဲ့ လေလံတင်ရောင်းထွက်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂ဝ
ဗြိတိန်တော်ဝင်မင်းသမီးဒိုင်ယာနာ ၁၉၈၅ ခုနှစ်က ဝတ်ဆင်ခဲ့တဲ့ ညနေခင်း၀တ်စုံ ဒေါ်လာ ၁.၁၄၈ သန်းနဲ့ လေလံတင်ရောင်းချနိုင်ခဲ့ပြီး မူလခန့်မှန်းထားတဲ့စျေးနှုန်းထက် ၁၁ ဆ ပိုမြင့်စွာ လေလံတင်နိုင်ခဲ့တယ်လို့ သိရပါတယ်။
မော်ရိုကို-ဗြိတိသျှဖက်ရှင်ဒီဇိုင်နာ ဂျက်ကွာအာဇာဂူရီက ဒီဇိုင်းထုတ်ထားတဲ့ အပြာနဲ့ အနက်ရောင်ဝတ်စုံဟာ မင်းသမီးရဲ့ဝတ်စုံလေလံပွဲတွေမှာ ဈေးအကြီးဆုံးဝတ်စုံဖြစ်ခဲ့ပြီး ယခင်လေလံစံချိန် ကန်ဒေါ်လာ ၆ဝ၄,၈ဝဝ ကို ချိုးဖျက်ခဲ့တယ်လို့ သိရပါတယ်။
ဒိုင်ယာနာဟာ အဆိုပါဝတ်စုံကို ၁၉၈၅ ခုနှစ် ဧပြီလက အီတလီနိုင်ငံ ဖလောရန့်စ်မြို့နဲ့ ၁၉၈၆ မေလက ကနေဒါ နိုင်ငံ ဗန်ကူးဗားမှာပြုလုပ်တဲ့ပွဲတွေမှာ ၀တ်ဆင်ခဲ့တာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့(ဒီဇင်ဘာ ၁၇ ရက်) က ပြုလုပ်တဲ့ “Hollywood Legends” လေလံပွဲ တစ်စိတ်တစ်ပိုင်းအနေနဲ့ အဆိုပါဝတ်စုံကို ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။
လေလံပွဲမှာ ၁၉၈၁ ခုနှစ်က ဒိုင်ယာနာဝတ်ဆင်ခဲ့တဲ့ နီညိုရောင်-ပန်းရောင် chiffon အင်္ကျီကိုလည်း ရောင်းချခဲ့ပြီး ၎င်းဟာ ဒေါ်လာ ၃၈၁,ဝဝဝ နဲ့ ရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားသရုပ်ဆောင်၊ အဆိုတော် ဂျီဆော့ဂျင်း ကျန်းမာရေးပြဿနာတွေကြောင့် Running Man မှ ယာယီအနားယူမည်
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း