တောင်ကိုရီးယားသရုပ်ဆောင်၊ အဆိုတော် ဂျီဆော့ဂျင်း ကျန်းမာရေးပြဿနာတွေကြောင့် Running Man မှ ယာယီအနားယူမည်
ရောင်နီ (NSS) - ဒီဇင်ဘာ ၂ဝ
တောင်ကိုရီးယားသရုပ်ဆောင်၊ အဆိုတော် ဂျီဆော့ဂျင်း ကျန်းမာရေးပြဿနာများတွေကြောင့် ၎င်း ၂ဝ၁ဝ ပြည့်နှစ်ကတည်းက ပါဝင်ရိုက်ကူးခဲ့တဲ့ Running Man Varity Show မှ ယာယီအနားယူတော့မယ်လို့ သိရပါတယ်။
ဒီအကြောင်းကို တနင်္လာနေ့ (ဒီဇင်ဘာ ၁၈ ရက်) က ၎င်းရဲ့အေဂျင်စီ ESteem Entertainment မှ ဖော်ပြခဲ့တာဖြစ်ပြီး "ဂျီဆော့ဂျင်းဟာ မကြာသေးမီက ကျန်းမာရေးစစ်ဆေးမှုခံယူခဲ့ရာမှာ ဆရာဝန်ရဲ့အကြံပြုချက်အရ ထပ်မံ ကုသမှုခံယူဖို့ လိုအပ်တာကြောင့် SBS ရဲ့ Running Man မှ ခဏတာအနားယူဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ ပြောကြားခဲ့ ပါတယ်။
ဂျီဆော့ဂျင်းကလည်း "ကျန်းမာရေး ပြန်လည်တည်ဆောက်ဖို့ ခဏနားပြီး ပိုကျန်းမာတဲ့ပုံစံနဲ့ အမြန်ဆုံးပြန်လာနိုင် အောင် အစွမ်းကုန်ကြိုးစားသွားမှာပါ" လို့ သူ့ရဲ့ပရိသတ်တွေကို ပြောကြားခဲ့ပါတယ်။ ဆော့ဂျင်းရဲ့ ခေတ္တအနားယူ ခြင်းကို Running Man ရဲ့တရားဝင်လူမှုမီဒီယာချန်နယ်တွေမှာလည်း ဖော်ပြခဲ့ပါတယ်။
အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ ဂျီဆော့ဂျင်းဟာ Running Man ရဲ့ မူလ member များထဲမှ တစ်ဦးဖြစ်ပြီး အောက်တိုဘာလက ရှိုးမှ Member ဟောင်း ဂျောင်ဆိုမင် ထွက်ခွာသွားပြီးနောက် တစ်လအကြာမှာ ဆော့ဂျင်းရဲ့ Running Men မှ ခေတ္တရပ်နားတဲ့သတင်းထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာနေပြီး မီးရထားတွေကို မီးရှို့ဖျက်ဆီး
RELATED POSTS
19 Sep 2024 | အနုပညာ,နိုင်ငံတကာ
18 Sep 2024 | အနုပညာ,နိုင်ငံတကာ
17 Sep 2024 | အနုပညာ,နိုင်ငံတကာ