ဗြိတိန် ကုန်စုံဆိုင်တွေမှာ ၂ဝ၂၃ ခုနှစ်အတွင်း Vaping ထုတ်ကုန်များ ရောင်းချဝယ်ယူမှု များပြားနေ
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၇
ဗြိတိန်မှာ ဆေးလိပ်၊ ဆေးပြင်းလိပ်နဲ့ ဆေးရွက်ကြီးရောင်းအား သိသိသာသာကျဆင်းသွားခဲ့ပေမယ့် Vape ရောင်းဝယ်မှုတွေကတော့ ၂ဝ၂၃ ခုနှစ်အတွင်း နိုင်ငံရဲ့ကုန်ခြောက်၊ကုန်စုံဆိုင်တွေမှာ အလျင်မြန်ဆုံး ကြီးထွားလာနေတယ်လို့ စက်မှုလုပ်ငန်းဆိုင်ရာအချက်အလက်များအရ သိရပါတယ်။
အောက်တိုဘာလက ဗြိတိန်အစိုးရဟာ လူငယ်မျိုးဆက်သစ်တွေကို ဆေးလိပ်ဝယ်ခြင်းမှ တားမြစ်ဖို့ အဆိုပြုခဲ့ပြီး နောက် Vape ရောင်းဝယ်မှုတွေ ပိုမြင့်တက်လာတာပါ။ ဒီဇင်ဘာ ၁၄ ရက်ကလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အစိုးရကို အီး-စီးကရက်(vape) တွေကိုလည်း ဆေးရွက်ကြီးနဲ့ ထပ်တူ တားမြစ်ဖို့ သတိပေးထားပေမယ့် Vaping ထုတ်ကုန်တွေဟာ ဗြိတိန်မှာ ၂ဝ၂၃ ခုနှစ်အတွင်း ယူရို ၈၉၇.၄ သန်းထိ ရောင်းအား ကောင်းခဲ့တယ်လို့ စျေးကွက် သုတေသီ NIQ နဲ့ The Grocer မှ ဒီဇင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်တဲ့အချက်အလက်များအရ သိရပါတယ်။
တရုတ် vaping ကုမ္ပဏီ Heaven Gifts မှ ပိုင်ဆိုင်တဲ့ Lost Mary အမှတ်တံဆိပ်ဟာ ယမန်နှစ်က ရောင်းအား ပေါင် ၃၁ဝ.၆ သန်းနဲ့ ဗြိတိန်ရဲ့အလျင်မြန်ဆုံးကြီးထွားလာတဲ့ ထတ်ကုန်ဖြစ်ခဲ့တယ်လို့ အချက်အလက်များက ဖော်ပြခဲ့ပါတယ်။
ဆေးလိပ်နဲ့ ဆေးပြင်းလိပ်၊ ဆေးရွက်ကြီးရောင်းအားကတော့ ပေါင် ၈၄၉.၁ သန်းနဲ့ ရောင်းအားတန်ဖိုးအရ ပေါင် ၃၉၃.၁ သန်းထိ အသီးသီး ကျဆင်းသွားခဲ့ပါတယ်။ ဒါ့အပြင် နို့၊ ဒိန်ခဲ၊ အသား၊ အဆာပြေ အစားအစာများ၊ ချောကလက်နဲ့ ဘီစကွတ် ရောင်းချမှုမှာလည်း ဝယ်ယူပမာဏ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေ့ပြောင်းအခြေချသူများသည် အမေရိကန်၏ သွေးကို အဆိပ်ခတ်နေဟု ဒေါ်နယ်ထရမ့် ထပ်ကာတလဲလဲ ပြောဆို
RELATED POSTS
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
20 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,ပြည်တွင်း
14 Sep 2024 | စီးပွားရေး,နိုင်ငံတကာ