Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရွှေ့ပြောင်းအခြေချသူများသည် အမေရိကန်၏ သွေးကို အဆိပ်ခတ်နေဟု ဒေါ်နယ်ထရမ့် ထပ်ကာတလဲလဲ ပြောဆို

Htay Oung (NSS)- ဒီဇင်ဘာ ၁၇ 


အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲကို လာမယ့် ၂ဝ၂၄ ခုနှစ် နို၀င်ဘာ ၅ ရက်မှာ  ကျင်းပဖို့ စီစဉ်ထားတဲ့အတွက် ကြားကာလ တစ်နှစ်တောင် မရှိတော့ပါဘူး။ အဲ့ဒီအချိန်မှာ အထောက်အထားမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ အမေရိကန်နိုင်ငံရဲ့ သွေးကို အဆိပ်ခပ်နေတယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ရီပတ်ဘလစ်ကင်ပါတီရဲ့သမ္မတဖြစ်လာလိမ့်မယ်လို့ တစ်ပေးခြင်းခံရသူ သမ္မတဟောင်းတစ်ဦးက နာဇီလေသံနဲ့ နိုင်ငံခြားသားကြောက် မျက်ကန်းမျိုးချစ်စကားများကို အကြိမ်ကြိမ်အခါခါ ပြောဆိုခြင်းအတွက် ယခင်ကလည်း ဝေဖန်ခံခဲ့ရပြီးဖြစ်ကြောင်း ရိုက်တာသတင်းအေဂျင်စီက ယနေ့ ဒီဇင်ဘာလ ၁၇ ရက်က ရေးသားခဲ့ပါတယ်။


နိုင်ငံအရှေ့မြောက်ဖျား နယူးဟမ့်ရှိုင်းယားပြည်နယ် မဲဆွယ်ပွဲကျင်းပစဉ် အမေရိကန်နယ်စပ်မှ ခိုး၀င်ကြတဲ့ ရွေ့ ပြောင်းအခြေချသူဦးရေ စံချိန်တင် တိုးမြင့်လာခြင်းအပေါ် ဒေါ်နယ်ထရမ့်က အပြစ်တင်လိုက်ပါတယ်။ သူသာ လေးနှစ်ကြာ သမ္မတနေရာအတွက် ဒုတိယအကြိမ် ထပ်မံရွေးကောက်ခံရမယ်ဆိုရင် ခိုးဝင်များကို နှိမ်နင်းပြီး လူဝင်မှုကြီးကြပ်ရေးဥပဒေများနဲ့ ကန့်သတ်မယ်လို့ ဆိုပါတယ်။

တောင်အမေရိကအပြင် အာရှနဲ့ အာဖရိကမှ ရွှေ့ပြောင်းအခြေချသူတွေဟာ အမေရိကန်နိုင်ငံအတွင်းမှာ ရောက်ရှိနေကြောင်း၊ တစ်ကမ္ဘာလုံး ရှိသမျှလူအကုန်လုံး အတောမသတ် ဝင်ရောက်လာနေကြောင်း “ဒီလူတွေဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့သွေးကို အဆိပ်ခတ်နေတယ်” လို့ ထောက်ခံသူ ထောင်သောင်းများစွာတက်ရောက်ခဲ့တဲ့ ဒါဟမ်းမြို့ လူထုစည်းဝေးပွဲ၌ ထရမ့်က ပြောပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်း လက်ယာယိမ်း “နေရှင်နယ်ပါ့စ်” မီဒီယာနဲ့တွေ့ဆုံစဉ်တုန်းကလည်း သွေးကို အဆိပ်ခတ်တယ်ဆိုတဲ့စကားလုံးကို သမ္မတဟောင်းဟာ သုံးနှုန်းခဲ့ဖူးပါတယ်။ ဒါဟာ လူမျိုးရေးခွဲခြားမှု၊ မျက်ကန်း မျိုးချစ်မှုနဲ့ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့စကားအသုံးအနှုန်းဖြစ်တယ်လို့ အသရေဖျက်မှုဆန့်ကျင်ရေး အဖွဲ့ချုပ် ခေါင်းဆောင် ဂျိုနသန်ဂရင်းဘတ်က ပြစ်တင်ရှုတ်ချခဲ့ဖူးပါတယ်။

ယေးလ်တက္ကသိုလ်ပါမောက္ခ ဖက်ဆစ်ဝါဒအကြောင်း စာအုပ်ရေးသားခဲ့သူ ဂျေဆန်စတန်လေကလည်း ထရမ့်အနေ နဲ့ အဲဒီစကားအသုံးအနှုန်းကို ထပ်ခါတလဲလဲအသုံးပြုနေခြင်းဟာ အန္တရာယ်ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။ ထရမ့်ရဲ့စကားလုံးဟာ ဂျူးများနဲ့ ဂျာမန်တို့ရဲ့သွေးအဆိပ်သင့်ခြင်းအကြောင်း နိုင်ငံရေး ကျမ်းဂန်တစ်ခုဖြစ်တဲ့ “ကျွန်ုပ်၏ ကြိုးပမ်းမှု” စာအုပ်မှာ ထည့်သွင်းသတိပေးခဲ့သူ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာရဲ့လေသံအတိုင်း ထပ်တူဖြစ်နေတယ်လို့ ပြောပါတယ်။

လောလောဆယ် လူထုစည်းဝေးပွဲများမှာ အဲဒီစကားလုံးကို ထရမ့်က ထပ်ကာထပ်ကာ အသုံးပြုနေကြောင်း၊ အန္တရာယ်ရှိတဲ့အသုံးအနှုန်းကို အကြိမ်ကြိမ်ပြောဆိုခြင်းအားဖြင့် အမှန်တကယ်ဖြစ်နေသယောင် ထင်မှတ်လာကြ ပြီး သူပြောတဲ့အတိုင်းလိုက်လုပ်ကြဖို့ ဖြစ်လာစေကြောင်း၊ ဒါဟာ အမေရိကန်မှာ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ လုံခြုံရေးကိစ္စတွေနဲ့ အလွန်သက်ဆိုင်လာတယ်လို့ စတန်လေက ပြောပါတယ်။

ရီပတ်ဘလစ်ကင်ပါတီနဲ့ ထရမ့်အစိုးရလက်ထက် နိုင်ငံရေးအကြံပေး၊ ယခုသမ္မတဟောင်းရဲ့ မဲဆွယ်စည်းရုံးရေး ပြောခွင့်ရပုဂ္ဂိုလ် စတီဗင်ချောင်းကတော့ ဒေါ်နယ်ထရမ့်ရဲ့စကားအသုံးအနှုန်းပေါ် ဝေဖန်နေကြခြင်းဟာ အဓိပ္ပါယ်မဲ့ ပေါက်တတ်ကရတွေသာဖြစ်တယ်လို့ ပယ်ချထားပါတယ်။ အလားတူ စကားလုံးတွေဟာ စာအုပ်များ၊ သတင်းဆောင်းပါးများနဲ့ ရုပ်သံများမှာ ပျံ့့နှံ့နေပြီးဖြစ်တယ်လို့ ငြင်းဆိုပါတယ်။ 


ဒီအတွက် မှတ်ချက်ပေးဖို့ကို ဒီဇင်ဘာလ ၁၆ ရက် စနေနေ့မှာ စတီဗင်ချောင်းကို မေတ္တာရပ်ခံခဲ့ပါတယ်။ ချောင်းက ထရမ့်ရဲ့စကားလုံးကို တိုက်ရိုက်ဖြေကြားခြင်း မရှိပါဘူး၊ အဲဒီအစား အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံအတွင်း ဟားမတ်စ်တို့ရဲ့တိုက်ခိုက်မှုနောက်ပိုင်း ဟားဘတ်တက္ကသိုလ်နယ်မြေဆန္ဒပြပွဲများအပေါ် အမေရိကန်အစိုးရရဲ့ အငြင်းပွားဖွယ်ကိုင်တွယ်ကြောင်း၊ မီဒီယာနဲ့အသိပညာရှင်လောကကြီးဟာ အန္တရာယ်ရှိတဲ့ ဂျူးမုန်းတီးရေး၊ ဟားမတ်စ်လိုလားသူများရဲ့ နှုတ်ထွက်စကားများအတွက် ဘေးကင်းလုံခြုံရာ သုခဘုံဖြစ်နေတယ်လို့ ပြောပါတယ်။

“ကျွန်ုပ်တို့ တိုင်းပြည်ရဲ့သွေးကို အဆိပ်ခတ်ခြင်း" ဆိုတဲ့စကားအသုံးအနှုန်းဟာ စနေနေ့ ပွဲမတိုင်မီ မီဒီယာများကို ဖြန့်ဝေတဲ့ ထရမ့်ရဲ့အသင့်ပြင်ဆင်ထားပြီး မိန့်ခွန်းပါအတိုင်း ဟုတ်/မဟုတ် မသိရပါဘူး။ ပြောဖို့အတွက် ပြင်ဆင်ထားခြင်း (သို့မဟုတ်) မရည်ရွယ်ဘဲ လွှတ်ခနဲ ပြောမိသလားဆိုတာလည်း အသေအချာ မသိရပါဘူး။

ထရမ့်ဟာ ရီပတ်ဘလီကန်ပါတီရဲ့ ၂ဝ၂၄ ခုနှစ်အတွက် သမ္မတလောင်းအဖြစ် အမည်စာရင်းတင်သွင်းမယ့်သူများမှာ ထိပ်တန်းဖြစ်နေပါတယ်။ သမ္မတဟောင်းရဲ့မဲဆွယ်စည်းရုံးရေးမှာ အမေရိကန်နယ်စပ်လုံခြုံရေးကို အဓိက ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားပါတယ်။ ၂ဝ၁၇-၂ဝ၂၁ ခုနှစ် သမ္မတတာ၀န်ထမ်းဆောင်စဉ် သဘောထားတင်းမာ တဲ့မူဝါဒများကို ပြန်လည်ကျင့်သုံးဖို့နဲ့ လူဝင်မှုကြီးကြပ်ရေးအပေါ် ပိုမိုကန့်သတ်မယ့်အချက်အလက်အသစ်များကို အကောင်အထည်ဖော်မယ်လို့ ကတိပြုထားပါတယ်။

ဒီမိုကရက်တစ်ပါတီက အမည်စာရင်းတင်သွင်းမယ်လို့ယူဆရတဲ့ လက်ရှိသမ္မတဂျိုးဘိုင်ဒင်ဟာ လူသားဆန်ပြီး စနစ်ကျတဲ့ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို ချမှတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် (အထောက်အထားမဲ့) ဝင်ရောက်လာတဲ့ ရွေ့ပြောင်းအခြချသူဦးရေ စံချိန်တင်တိုးမြင့်လာခြင်းသာဖြစ်ပေါ်လာခဲ့ပါတယ်။ ဒီအချက်ဟာ သူ့ရဲ့မဲဆွယ်စည်းရုံးရာမှာ အားနည်းချက်ဖြစ်နေပါတယ်။

မဲဆွယ်စည်းရုံးရေးကာလတစ်လျှောက်လုံး ဒေါ်နယ်ထရမ့်ဟာ နယ်စပ်ပြဿနာကို မီးမောင်းထိုးပြဖို့နဲ့ ဘိုင်ဒင်ရဲ့ မူဝါဒများကို ရှုတ်ချဖို့အတွက် သွေးထိုးလှုံဆော်ရာရောက်ရှိတဲ့စကားအသုံးအနှုန်းများကို အကြိမ်ကြိမ်အသုံးပြုခဲ့ပါ တယ်။ စနေနေ့ မဲဆွယ်စည်းရုံးစဉ် ရွှေ့ပြောင်းနေထိုင်သူများကို အကိုက်ခံရရင် သေစေတတ်တဲ့ မြွေများနဲ့ ခိုင်းနှိုင်းထားတဲ့သီချင်းတစ်ပုဒ်ကိုလည်း သမ္မတဟောင်းက ဆိုပြခဲ့ပါသေးတယ်။

တကယ်လို့ သူသာ ပြန်လည်ရွေးကောက်ခံရလျှင် အမေရိကန်တောင်ပိုင်းနယ်စပ်မှ ကျူးကျော်မှုကို ရပ်တန့်ပစ်ဖို့နဲ့ အမေရိကန်သမိုင်းတစ်လျှောက် ခိုးဝင်တွေကို နေရပ်ပြန်ပို့ခြင်း အကြီးမားဆုံးလုပ်ငန်းစဉ်ကို စတင်မယ်လို့ ကတိပေးထားပါတယ်။


၂ဝ၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲဟာ အမေရိကန်နိုင်ငံရဲ့အကြိမ် ၆ဝ မြောက်ဖြစ်ပါတယ်။ မဲပေးသူတွေဟာ လေးနှစ်သက်တမ်းအတွက် သမ္မတနဲ့ ဒုတိယသမ္မတတစ်ဦးစီကို ရွေးချယ်ရမှာဖြစ်ပါတယ်။ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင်သည် ဒီမိုကရက်တစ်ပါတီမှ ပြန်လည်အရွေးခံဖို့အတွက် ချိန်ဆနေဆဲဖြစ်ပါတယ်။ ရီပတ်ဘလစ်ကန် ပါတီမှာ ထိပ်တန်းပြေးနေတဲ့ ဒေါ်နယ်ထရမ့်ဟာ ဆက်တိုက်မဟုတ်တဲ့ ဒုတိယအကြိမ်အဖြစ် ပြန်လည်အရွေးခံမှာ ဖြစ်ပါတယ်။ အကယ်၍ ထရမ့်အနိုင်ရခဲ့လျှင် (၁၈၈၅-၁၈၈၉) (၁၈၉၃-၁၈၉၇ ခုနှစ်) တို့မှာ သမ္မတဖြစ်ခဲ့သူ ဂရိုဗာ ကလိဖ်လင့်ပြီးနောက် ဒုတိယမြောက်ပုဂ္ဂိုလ်ဖြစ်လာပါလိမ့်မယ်။

တကယ်လို့ သက်ဆိုင်ရာပါတီအသီးသီးတို့က ဘိုင်ဒင်နဲ့ ထရမ့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပြီး ဘိုင်ဒင်အနိုင် ရရှိခဲ့လျှင် ၁၉၅၆ ခုနှစ်နောက်ပိုင်း ပြိုင်ဘက်ဟောင်း နှစ်ကြိမ်စလုံး အနိုင်ရခဲ့သူ အိုက်စင်ဟောင်ဝါ နောက်ပိုင်း ပထမဆုံးသမ္မတဖြစ်လာပါလိမ့်မယ်။ 

#သမ္မတဟောင်းဒေါ်နယ်ထရမ့် #သမ္မတဂျိုးဘိုင်ဒင် #၂၀၂၄_ခုနှစ်_အမေရိကန်သမ္မတရွေးကောက်ပွဲ

#စတီဗင်ချောင်း #အဒေါ့ဖ်ဟစ်တလာ #သွေးကို_အဆိပ်ခတ်

(Reuters., 17 December 2023,” Trump repeats 'poisoning the blood' anti-immigrant remark” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတစ်ဝန်း မှတ်ပုံတင်ထားသည့်ယာဉ်အစီးရေ ၆ ဒသမ ၄ သန်းကျော်ရှိပြီး EV ကားအစီးရေ (၁၅ဝဝ)ကျော်အထိ တိုးမြင့်လာ

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved