ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
Pika (NSS) - ဒီဇင်ဘာ ၁၆
ထိုင်ဝမ်ကျွန်း၏ မဟာဗျူဟာမြောက် သတင်းအချက်အ လက်စနစ်များကို ထိန်းသိမ်းရာတွင် ကူညီပေးရန်အတွက် အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ ပစ္စည်းကိရိယာများရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုလိုက်ကြောင်း အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က ပြောကြားခဲ့သည်။
အဆိုပါရောင်းချမှုသည် ထိုင်ဝမ်ကျွန်း၏ကာကွယ်ရေးအတွက် အမေရိကန်၏နောက်ဆုံးအကူအညီများထဲမှ တစ်ခုဖြစ်ကြောင်းလည်းသိရသည်။ ယင်းပစ္စည်းကိရိယာများရောင်းချမှုသည် ထိုင်ဝမ်ကျွန်း၏ ကွပ်ကဲမှု၊ ထိန်း ချုပ်မှု၊ ဆက်သွယ်ရေးနှင့် ကွန်ပျူတာများ၏ စွမ်းဆောင်ရည်များကို ထိန်းသိမ်းရန်အတွက် နောက်ဆက်တွဲအထောက်အပံ့တစ်ခုဖြစ်ကြောင်း ပင်တဂွန်၏ကာကွယ် ရေးလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ဒီဇင် ဘာလ (၁၆)ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံသည် တရုတ်က ၎င်း၏ပိုင်နက်နယ်မြေအဖြစ် သတ် မှတ်ထားသော ထိုင်ဝမ်ကျွန်းကို စစ်လက်နက်ပစ္စည်းများရောင်းချနေခြင်းသည် အမေရိကန်နှင့်တရုတ်နိုင်ငံကြား တင်းမာမှုများ မကြာခဏဖြစ်ပွားစေသည့် အကြောင်းအရင်းတစ်ခုဖြစ်ကြောင်းလည်းသိရသည်။
အဆိုပါအထောက်အပံ့များသည် ထိုင်ဝမ်၏ စစ်ဘက်ဆိုင်ရာ အသင့်အနေအထားများကို မြှင့်တင်ပေးပြီး လက်ရှိနှင့် အနာဂတ်ခြိမ်းခြောက်မှုများ ရင်ဆိုင်နိုင်စေမည်ဖြစ်သလို သတင်းအချက်အလက်များကို လုံခြုံစွာစီးဆင်းစေနိုင်မည့် စွမ်းရည်များကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်ဖြစ်ကြောင်း ပင်တဂွန်၏ကာကွယ်ရေး လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ပြောကြားခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက "ဒီရောင်းချမှုဟာ ပူးတွဲတိုက်ခိုက်ရေးကွပ်ကဲမှုတွေနဲ့ ထိန်းချုပ်ရေးစနစ်တွေရဲ့ သက်ရောက်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်မှာဖြစ်ပြီး စစ်မြေပြင်နဲ့ပတ်သက်တဲ့ အသိဥာဏ်တွေကို မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်ရဲ့ မကြာခဏစစ်ရေးလေ့ကျင့်မှုတွေဟာ ကျွန် တော်တို့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုဖြစ်နေပါတယ်။ ဒီရောင်းချမှုဟာ တစ်လအတွင်းဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ ပြီးတော့ ဒီလိုရောင်းချပေးတဲ့အတွက် အမေရိကန်ကို ကျေးဇူးတင်ပါတယ်"ဟု ပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မျိုးတုံးလုနီးပါးဖြစ်နေတဲ့ လင်းယုန်ငှက်တွေကို သတ်ဖြတ်ပြီး ရောင်းချခဲ့တဲ့ အမေရိကန်နိုင်ငံသားနှစ်ဦး စွဲချက်တင်ခံထားရ
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း