ဆွေးနွေးပွဲများ လုပ်ဆောင်ရန်အတွက် မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ရောက်ရှိနေ
Pika (NSS) - ဒီဇင်ဘာ ၁၆
တရုတ်နိုင်ငံ နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအား ကောင်းလာစေရန်အတွက် ဆွေးနွေးပွဲများလုပ်ဆောင်ရန် မြောက်ကိုရီးယားသံတမန်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ရောက်ရှိနေကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာလ(၁၆)ရက်တွင် ဖော်ပြထား သည်။
ကိုဗစ်(၁၉)ကပ်ရောဂါကာလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားသည် ၎င်း၏နယ်စပ်များကို ပြန်လည်ဖွင့်ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုများ ပြန်လည်စတင်နေပြီဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံခြားရေး ဒုဝန်ကြီး Pak Myong Ho နှင့် တရုတ်နိုင်ငံခြားရေးဒုဝန်ကြီး Sun Weidong တို့သည် ဒီဇင်ဘာလ(၁၅)ရက်တွင် တွေ့ဆုံခဲ့ကြပြီး မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံကြား ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ရန်အတွက် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားပိုင်သတင်းအေဂျင်စီ KCNA ကဖော်ပြခဲ့သည်။
သို့သော်လည်း KCNA သည် အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နောက်ထပ်အသေးစိတ်အချက်အလက်များကို ရေးသားဖော်ပြခဲ့ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့်စက်တင် ဘာလတွင် ရုရှားသမ္မတပူတင်ဆီသို့ သွားရောက်လည် ပတ်ခဲ့ပြီး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။ အဆိုပါခရီးစဉ်သည် ကိုဗစ်(၁၉)ကပ်ရောဂါကာ လနောက်ပိုင်း မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ပထမဆုံးအကြိမ် ပြည်ပသို့သွားရောက် လည် ပတ်သည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်းလည်းသိရသည်။အဆိုပါတွေ့ဆုံမှုအတွင်း ရုရှားနှင့်မြောက်ကိုရီးယားတို့ သည် စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးများကို ပိုမိုမြှင့်တင်ခဲ့ကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီးနောက် နိုင်ငံတ ကာအသိုင်းအဝိုင်းမှ ပြစ်တင်ရှုတ်ချမှုများလည်း ရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်ဝမ်သို့ အမေရိကန်ဒေါ်လာသန်း(၃၀၀)တန်ဖိုးရှိ ကာကွယ်ရေးပစ္စည်းများရောင်းချပေးရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတည်ပြု
RELATED POSTS
20 Sep 2024 | နိုင်ငံရေး,ပြည်တွင်း