ပြင်းထန်လျက်ရှိသည့် ပဋိပက္ခတိုက်ပွဲများကြောင့် မြန်မာနိုင်ငံတစ် ဝန်းနေရပ်စွန့်ခွာသူ (၂ ဒသမ ၆)သန်းရှိလာဟု UNOCHA ထုတ်ပြန်
ယွန်း (NSS) - ဒီဇင်ဘာ ၁၆
ပြင်းထန်လျက်ရှိသည့် ပဋိပက္ခတိုက်ပွဲများကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူဦးရေ (၂ ဒသမ ၆)သန်းကျော်အထိရှိလာကြောင်း UNOCHA က အသိပေးထုတ်ပြန်ထားသည်။
UNOCHA က ဒီဇင်ဘာလ(၁၅)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
ပြင်းထန်လျက်ရှိသည့် ပဋိပက္ခများကြောင့် အရပ်သားသေဆုံးမှုများ၊ အိုးအိမ်စွန့်ခွာထွက်ပြေးရမှုများမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ ပဋိပက္ခများပြင်းထန်လာသည့်အချိန်မှစ၍ ရှမ်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ ကရင်၊ မွန် နှင့် တနင်္သာရီတို့တွင် လူပေါင်း(၆၆၀၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း UNOCHA က ခန့်မှန်းထုတ်ပြန်ထားသည်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ (၉) ရက်အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့် ခွာသူဦးရေ (၂)သန်းကျော်ရှိခဲ့ပြီး လက်ရှိတွင် နေရပ်စွန့်ခွာသူဦးရေမှာ (၂ ဒသမ ၆)သန်းကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရ သည်။
အဆိုပါတိုက်ပွဲများကြောင့် အရေးပါသည့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ပြတ်တောက်လျက်ရှိပြီး အရပ်သား ရွှေ့ပြောင်းသွားလာမှု နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန် အဟန့်အတားများဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုထားသည်။
ထို့ပြင် UNOCHA အနေဖြင့် လာမည့် (၂၀၂၄) ခုနှစ်အတွင်း မြန် မာနိုင်ငံရှိ လူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ အပါအဝင် ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေးအကူအညီများပေးရန် လူသားချင်းစာနာမှုလုပ်ဆောင်နေသူများက စီစဥ်ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လားရှိုးမြို့၌ အိမ်စီးကားတစ်စီး တိမ်းမှောက်မှုကြောင့် အမျိုး သမီးတစ်ဦး ပွဲချင်းပြီးသေဆုံး
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း