ဂျပန်နိုင်ငံရှိ Universal Studios မှာ ရိုလာကိုစတာရဲ့ စနစ်ချို့ ယွင်းခဲ့မှုကြောင့် စီးနင်းသူများ ပေ(၁ဝဝ)ကျော်မှာ ပိတ်မိခဲ့
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၆
ဂျပန်နိုင်ငံ၊ အိုဆာကာရှိ Universal Studios Japan မှာ ရိုလာကိုစတာကြီးရဲ့ စနစ်ချို့ယွင်းခဲ့ခြင်းကြောင့် စီးနင်းလိုက်ပါခဲ့သူအချို့ ပေတစ်ရာကျော်အမြင့်မှာ ပိတ်မိနေခဲ့တယ်လို့ သိရပါတယ်။
ကြာသပတေးနေ့(ဒီဇင်ဘာလ ၁၄ ရက်) က မြေပြင်အထက် မီတာ ၄၀ (ပေ ၁၃၀) ထိ အမြင့်ရှိတဲ့ Jurassic Park-themed Flying Dinosaur မှ ရိုလာကိုစတာကြီးမှာ လူ ၃၂ ဦး လိုက်ပါစီးနင်းခဲ့ပါတယ်။ ကံကောင်းစွာနဲ့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ခရီးသည်တွေကို အရေးပေါ်လှေကားနဲ့ မြေပြင်ပေါ် ပြန်လည် ပို့ဆောင်ပေးခဲ့နိုင်တယ်လို့ သိရပါတယ်။
"ဒါတွေက ဖြစ်ပေါ်လာနိုင်တဲ့ အရာတွေမို့ ကျွန်တော်တို့ လုံခြုံ ရေးလုပ်ထုံးလုပ်နည်းကို လိုက်နာပြီး ဝန်ထမ်းတွေက ခရီးသည်တွေကို ဘေးကင်းရာကို လမ်းညွှန်ခဲ့ပါတယ်”လို့ ကိုယ်စားလှယ်က ဒီဇင်ဘာလ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါ ရိုလာကိုစတာဟာ Jurassic World ကို ပရိသတ်တွေ အပေါ်စီးမှ ကြည့်ရှုခံစားနိုင်ဖို့ ပြုလုပ်ထားပြီး safety ဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အပြည့်အဝ အန္တရာယ်ကင်းတယ်လို့ Universal ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုပါတယ်။ ဒါကြောင့် စီးနင်းသူ အားလုံးကို ၄၅ မိနစ်အတွင်း ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်တယ်လို့ ၎င်းက ဆိုခဲ့ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြင်းထန်လျက်ရှိသည့် ပဋိပက္ခတိုက်ပွဲများကြောင့် မြန်မာနိုင်ငံတစ် ဝန်းနေရပ်စွန့်ခွာသူ (၂ ဒသမ ၆)သန်းရှိလာဟု UNOCHA ထုတ်ပြန်
RELATED POSTS
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း