Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
စက်သုံးဆီဝယ်ယူသုံးစွဲမှုအခြေအနေကို Software စနစ်ဖြင့် ကြီးကြပ်စောင့်ကြည့်နိုင်ရေး အကောင်အထည်ဖော်ရန် စွမ်းအင် ဒုဝန်ကြီးတိုက်တွန်း

Pearl (NSS) - ဒီဇင်ဘာ ၁၆

စက်သုံးဆီဝယ်ယူသုံးစွဲမှုအခြေအနေကို Software စနစ်ဖြင့် ကြီးကြပ်စောင့်ကြည့်နိုင်ရေးအကောင်အထည်ဖော်ရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ စွမ်းအင် ဒုဝန်ကြီး ဦးသန့်စင်က တိုက်တွန်းပြောကြား သည်။ 


၎င်းက ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်)တွင် ရန်ကုန်တိုင်း ၊ သီလဝါဆိပ်ကမ်းတွင်  ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများဖြင့် စက်သုံးဆီ တင်သွင်းရောက်ရှိနေမှုများ ၊ စက်သုံးဆီသိုလှောင်ကန်များသို့ စက်သုံးဆီလက်ခံချယူနေမှုများ၊ ပြည်နယ် နှင့် တိုင်း များသို့ ဆီသယ်ယာဉ်များဖြင့် စက်သုံးဆီဖြန့်ဖြူးပေးပို့ရန် မျှောစနစ်ဖြင့် ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထို့နောက် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ရှိ စက်သုံးဆီအရောင်းဆိုင်များ၏ အများပြည်သူသို့ စက်သုံးဆီဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ 

ထိုသို့ စစ်ဆေးစဉ် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီများအနေဖြင့် သို လှောင်စခန်း၊ ဆိပ်ကမ်းနှင့် ဆိပ်ခံတံတားများ၏ လုံခြုံရေးကို အထူးဂရုပြုရန် နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရန် သတ် မှတ်ထားသည့် SOP (Standard Operating Procedure)များကို လိုက်နာရန် ပြောကြားခဲ့ကြောင်းသိရသည်။ 

အလားတူ ဆီတင်/ဆီချဆောင်ရွက်ရာတွင် စက်သုံးဆီများ ယိုဖိတ်မှုမရှိရေးနှင့် စက်သုံးဆီများအား အရည်အသွေး ပြည့်မီစွာ ထိန်းသိမ်းဖြန့်ဖြူးနိုင်ရေးအတွက် တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်ဆောင်ရွက်ရန်လည်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ဆီသယ်ယာဉ်များအတွက် လူကိုယ်တိုင်မျှောထုတ်ယူရသည့်စနစ်မှ Online ဖြင့် မျှောထုတ်ယူနိုင်သည့် အဆင့်သို့ အသုံးပြုနိုင်ရေး နှင့် Software စနစ် တပ်ဆင်အသုံးပြု၍ စက်သုံးဆီဝယ်ယူသုံးစွဲမှုအခြေအနေကို ကြီးကြပ်စောင့်ကြည့်နိုင်ရေး အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း တိုက် တွန်းပြောကြားခဲ့ကြောင်း သိရသည်။ 

စက်သုံးဆီအရောင်းဆိုင်များအနေဖြင့်လည်း အများပြည်သူသို့ ဝန်ဆောင်မှုကောင်းမွန်စွာဖြင့် အရည်အသွေးနှင့်အချိန်အတွယ် ပြည့်မီစွာ ဖြန့်ဖြူးရောင်းချရန် ဒုတိယဝန်ကြီး ဦးသန့်စင်က ပြောကြားခဲ့သည်။

ပြီးခဲ့သော ကာလများအတွင်း၌ ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည် နယ်များရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီပြတ် လပ်သည့် ဖြစ်စဉ်များဖြစ်ပေါ်ခဲ့သည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဂျပန်နိုင်ငံရှိ Universal Studios မှာ ရိုလာကိုစတာရဲ့ စနစ်ချို့ ယွင်းခဲ့မှုကြောင့် စီးနင်းသူများ ပေ(၁ဝဝ)ကျော်မှာ ပိတ်မိခဲ့

RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved