Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရန်ကုန်မြို့၌ မိုင်းပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အရပ်သားတစ်ဦး သေဆုံး၍ (၉)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သံသယရှိသူ (၅)ဦးကိုလည်း ဖမ်းဆီးထား

မြူနစ် (NSS) - ဒီဇင်ဘာ ၁၆

ရန်ကုန်မြို့၌ လက်လုပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ရာ အရပ် သားတစ်ဦး သေဆုံး၍ (၉)ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး သံသ ယရှိသူ (၅)ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။


လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်များသည် ယမန်နေ့(ဒီဇင်ဘာလ ၁၅ ရက်) ညပိုင်း နှင့် ယနေ့(ဒီဇင်ဘာလ ၁၆ ရက်) နံနက်ပိုင်းတို့ တွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့၌ ဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများက NSS ကို ပြောသည်။

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၁၃)ရပ် ကွက်ရှိ အမှတ်(၂)လမ်းမဘေး၌ စက္ကူပုံးတစ်ပုံးအား ယနေ့၊ နံ နက် ၈ နာရီအချိန်ခန့်တွင် စက်ဘီးစီးနင်းလာသူ (၂)ဦးက ဖွင့်ကြည့်စဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့ စက္ကူပုံးအား ဖွင့်ကြည့်သူ (၂)ဦးသည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် နေထိုင်သော ဦးထူးငယ်နှင့် ဦးမြင့်ဆိုင်တို့ ဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အသက်အန္တရာယ်စိုးရိမ်ရသည့် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

အလားတူ ယမန်နေ့ ည ၇ နာရီခွဲအချိန်ခန့်တွင်လည်း ရန်ကုန် တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ဖွင့်လှစ်ရန်ပြင်ဆင်နေသည့် ဟိုတယ်တစ်လုံးအနီးတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

၎င်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၁)ဦး စုစုပေါင်း (၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယင်းကဲ့သို့ ဒဏ်ရာရရှိသူများအနက် အသက်(၃၀)အမျိုးသားတစ်ဦးသည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးအရေးပေါ်ဌာန၌ ဆေးကုသမှုခံယူနေစဉ်အချိန်တွင် ကွယ်လွန်ဆုံးပါးသွားခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ယမန်နေ့၊ ည ၇ နာရီအချိန်ခန့်တွင်လည်း ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားဗဟိုပစ္စည်းထိန်းဝင်း၏ ခြံ စည်း ရိုးအုတ်တံတိုင်းအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ စည်ပင်ဝန် ထမ်း (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် မင်္ဂလာဒုံမြို့နယ်၊ ပြည်လမ်းရေဒါကုန်း နှင့် မီးသတ်စခန်းကြားရှိ ဓာတ်တိုင်အနီးတွင် တွေ့ရှိသော Bluetooth ဘောက်တစ်လုံးအား ကလေးငယ်တစ်ဦးက သွားရောက်ကောက်ယူစဉ်အချိန် ယမန်နေ့ (ဒီဇင်ဘာလ ၁၅ ရက်) ညပိုင်းတွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ၎င်းကလေးငယ်သည် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“ညကတော့ ပေါက်ကွဲမှုတွေ တော်တော်ဖြစ်ပါတယ်။ ထိခိုက်သေဆုံးတာတွေလည်း ရှိပါတယ်။ အများဆုံးထိခိုက်သွားတာ ကတော့ အရပ်သားတွေဖြစ်တဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ ပလုံကောက်သူတွေ များပါတယ်။ ဒဏ်ရာရတဲ့သူတွေ တော်တော် လေးများပါတယ်။ ဒါတွေက အကြမ်းဖက်တဲ့လုပ်ရပ်တွေပါ။ အေးဆေးတည်ငြိမ်နေတာကို ကြောက်လန့်သွားအောင် အကြမ်း ဖက်တာပါ” ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ထို့ကြောင့် အထက်ပါပေါက်ကွဲမှုဖြစ်စဉ်များအတွင်း အရပ်သားတစ်ဦးသေဆုံးကာ (၉)ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ယမန်နေ့ညပိုင်းတွင် ရန်ကုန်တိုင်းအတွင်းရှိ ဒေါပုံမြို့ နယ်၊ မင်္ဂလာဒုံမြို့နယ်တို့တွင်လည်း မိုင်းပေါက်ကွဲမှုများ ထပ်မံ ဖြစ်ပွားခဲ့ပြီး ၎င်းပေါက်ကွဲမှုဖြစ်စဉ်များအတွင်း မိုင်းသယ်ဆောင်သူဟု ယူဆရသော အမျိုးသား(၅)ဦးထက်မနည်းကိုလည်း ထိ ခိုက်ဒဏ်များနှင့်အတူ ဖမ်းဆီးရရှိခဲ့သည်ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ပေါက်ကွဲမှုဖြစ်စဉ်များမှ မိုင်းသယ်ဆောင်ရာတွင် အသုံးပြုသည့် ဆိုင်ကယ်အချို့ကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ၎င်းက ဆက်လက်ပြောသည်။

“ညက ပေါက်ကွဲတဲ့ ဖြစ်စဉ်အတော်များများမှာ Bluetooth ဘောက်တွေကနေ ပေါက်ကွဲတာများပါတယ်။ အဓိကတော့ လမ်းမှာတွေ့တဲ့ ဘောက်တွေ၊ ပန်ကာအဟောင်းအဆုတ်တွေ၊ ကော်ပိုက်တွေကို သတိထားဖို့ အကြံပြုချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အများဆုံးထိခိုက်နိုင်တာက အရပ်သားတွေပဲ ဖြစ်လို့လေ”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူက ပြောသည်။

ရန်ကုန်မြို့တွင် ယမန်နေ့ ညပိုင်း၌ လမ်းဘေးတွင် တွေ့ရှိရသည့် Bluetooth ဘောက်များမှတစ်ဆင့် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မပေါက်ကွဲသေးသည့် လက်လုပ်မိုင်းတပ်ဆင်ထားသော ဘောက်များကိုလည်း တွေ့ရှိသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

နိုင်ငံတော်၏ ပိုလျှံရန်ပုံငွေများကို ဖွံဖြိုးရေးကဏ္ဍ(၄)ခု၌ အကောင်အထည်ဖော်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌပြော

RELATED POSTS
RECENT POSTS
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
အင်ဒိုနီးရှားသမ္မတအဖြစ် တွေ့မြင်ရမယ့် ဗိုလ်ချူပ်ကြီးဟောင်း “ပရာဘိုဝီ” အကြောင်း တစေ့တစောင်း (အတ္ထုပ္ပတ္တိ)
20 Sep 2024
၂၀၂၄ - ၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၅) ပွဲကြိုသုံးသပ်ချက်များ
20 Sep 2024
ပုဂံတွင်မိုးများသည့်အတွက် ရှေးဟောင်းအဆောက်အအုံ(၁၁)ခု ထိခိုက်ခဲ့ရာ တစ်ခြမ်းပြိုကျခဲ့သော "ဆင်ကအုတ်တိုက်"ကို (၃)လအချိန်ယူပြုပြင်မည်
20 Sep 2024
AA ထိန်းချုပ်မှုအောက်ရှိ ရခိုင်ပြည်နယ်တွင် အရပ်ဖက် အုပ်ချုပ်သူအချို့ကလည်း စစ်သားဆန်ဆန် အမိန့်ပေးနေသည့်အတွက် လွဲမှားမှုများရှိနေပြီး အလုပ်ထွက်သူများလည်း ရှိ
20 Sep 2024
၁၄ မျဉ်းစောင်းသူ အိမ့်ပိုးဥ (ခ) ပန်ဆယ်လို စစ်တပ်ဖမ်းဆီးခြင်းမခံရမှု ဇာတ်လမ်း
20 Sep 2024
အစွန်းရောက်မိုးလေဝသဖြစ်စဉ်များသည် ရာသီဥတုပြောင်းလဲမှုနှင့်အတူ မကြာခဏဖြစ်ပေါ်နေ၍ ပေါ့ဆ၍မရတော့ဟု မိုးဇလတာဝန်ရှိသူပြော
20 Sep 2024
မန္တလေးရှိ လူနေထူထပ်သောနေရာများ နှင့် လူကုန်ထံများနေထိုင်ရာနေရာအချို့၌ပင် ဓားပြတိုက်လုယက်သည့်ဖြစ်စဉ်များ ဖြစ်ပွားနေသောကြောင့် ပြည်သူများ စိုးရိမ်စိတ် မြင့်တက်လာ
20 Sep 2024
MNDAA ရဲ့ထုတ်ပြန်ချက်အတိမ်အနက်ကို တွင်းတူးကြည့်ခြင်း၊ ရေဘေးအလှူတွေထဲက သတိပြုဖွယ်ဖြစ်ရပ်တွေနဲ့ ဘာသာရေး ကျွန်ပြုဖို့ ကြိုးပမ်းမှုများ၊ ထိုင်းရောက်မြန်မာတွေ သတိထားရတော့မယ့်ကိစ္စနဲ့ အာရှလမ်း ပြန်ဖွင့်ရေး ထိုင်းအစိုးရ ကြိုးပမ်းနေမှု (၁၉-၉-၂ဝ၂၄)
20 Sep 2024
ယခုဘဏ္ဍာနှစ်၌ ပြည်ပသို့ ငါးတင်ပို့မှုမှ ဒေါ်လာသန်း (၁၄ဝ) နီးပါးရရှိ
19 Sep 2024
လွိုင်ကော်မြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ရေကြီးရေလျှံမှုနှင့် ထပ်မံကြုံတွေ့နေရ
19 Sep 2024
ရေကြီးနစ်မြုပ်သည့် သီးနှံများအတွက် ငွေကျပ် (၁၂)ဘီလျံကျော် ပေးလျော်မည်
19 Sep 2024
စင်ကာပူနိုင်ငံက မြန်မာအပါအဝင် ရေကြီးမှုဒဏ်ရင်ဆိုင်ခဲ့ရသော အာဆီယံနိုင်ငံအချို့ကို လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးပို့ ကူညီမည်
19 Sep 2024
ယခုရက်ပိုင်းအတွင်း မြန်မာနိုင်ငံကို အပူပိုင်းလေပွေလှိုင်း ဝင်ရောက်နိုင်ချေရှိသောကြောင့် ဒေသအလိုက် မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းဖြစ်နိုင်
19 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved