ဗိုလ်တထောင်မြို့နယ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စည်ပင်သန့်ရှင်းရေးဝန်ထမ်း (၂)ဦး ထိခိုက်ဒဏ်ရာရ
ကျော်(NSS) - ဒီဇင်ဘာ ၁၅
ဗိုလ်တထောင်မြို့နယ်ရှိ မြန်မာ့မီးရထားဗဟိုပစ္စည်းထိန်းဝင်း၏ခြံစည်းရိုးအုတ်တံတိုင်းအနီး၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်ပွားရာနေရာရှိ သတင်းရင်းမြစ်က ပြောသည်။
ယနေ့(ဒီဇင်ဘာလ ၁၅ ရက်)၊ ည ၇ နာရီခန့်က ဗိုလ်တထောင်မြို့နယ်၊ (၆) ရပ် ကွက်၊ ဗိုလ်တထောင်ဘုရားလမ်း နှင့် ကုန်သည်လမ်းထောင့်ရှိ မြန်မာ့မီးရထားဗဟိုပစ္စည်းထိန်းဝင်း၏ ခြံစည်းရိုးအုတ်တံတိုင်းနှင့်ညောင်ပင်ကြားတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"ပေါက်ကွဲသံကြားလိုက်လို့ထွက်ကြည့်တာ စည်ပင်ကသန့်ရှင်းရေးဝန်ထမ်း(၂) ယောက်လဲကျနေတာတွေ့တယ်။ စစ်သားတွေ ရဲတွေရောက်လာပြီး စစ်ဆေးတာတွေလုပ်နေတာလည်းတွေ့လိုက်တယ်"ဟု အဆိုပါ သတင်းရင်းမြစ်က NSS ကို ပြောသည်။
ပေါက်ကွဲမှုကြောင့် စည်ပင်သန့်ရှင်းရေးဝန်ထမ်းများဖြစ်သည့် စည်ပင်ဝန်ထမ်းလိုင်းခန်းနေ မောင်ဇော်(၂၁)နှစ် နှင့် ရဲလင်းအောင်(ခ)ကျော်မောင်(၄၂)နှစ်တို့မှာ မျက်နှာ၊ ရင်ဘတ်၊ ခြေထောက်နှင့်လက်တို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ(၂)ဦးအား တာဝန်ရှိသူများနှင့်လူမှုကူညီရေးအသင်းဝင်များက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး လုံခြုံရေးအဖွဲ့ဝင်များမှလည်း စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်(၁ဝ၅) မိုင် စခန်းကုန်းနဲ့ လောက်ကိုင်ဒေသအခြေအနေ ၊ သက်ငယ်မုဒိမ်းမှု ကျူးလွန်တဲ့ ပန်းဘဲတန်း ဗလီက ဆရာ(၂)ယောက်ကို ထိရောက်စွာ အရေးယူသင့်တယ် (၁၅-၁၂-၂ဝ၂၃)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ