Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ယူကရိန်းပဋိပက္ခဇုန်အတွင်းရှိသော တပ်ဖွဲ့ဝင်အရေအတွက်ကို ရုရှားသမ္မတ ထုတ်ဖော်ပြောဆို

Pika (NSS) - ဒီဇင်ဘာ ၁၆

ယူကရိန်းပဋိပက္ခတိုက်ခိုက်ရေးဇုန်အတွင်း စေတနာ့ဝန်ထမ်းများ အပါအဝင် တပ်ဖွဲ့ဝင် (၅)သိန်းကျော်ကို တပ်ဖြန့် ထားကြောင်း ရုရှားသမ္မတပူတင်က ထုတ်ဖော်ပြောခဲ့သည်။

ထို့အပြင် စစ်ဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများသည် နိုင်ငံတော်၏ကူညီပံ့ပိုးမှုများအစား ပြည်သူများထံမှရရှိသော ရန်ပုံငွေများအပေါ် မှီခိုနေရသည်ဆိုသည့် အစီရင်ခံစာများနှင့်ပတ်သက်ပြီး မှတ်ချက်ပေးရန်တောင်းဆိုမှုများကို ပူတင်က ပြန်လည်တုံ့ပြန်ဖြေဆိုခဲ့ကြောင်း သိရသည်။

သို့သော်လည်း ရုရှားအစိုးရမှ ပံ့ပိုးပေးသော ထောက်ပံ့ရေးပစ္စည်းများသည် အကူအညီများအားလုံး၏ (၉၉) ရာခိုင်နှုန်းရှိကြောင်း ပူတင်က အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ရုရှားအစိုးရ၏ စစ်သားများကို စစ်လက်နက် ပစ္စည်းအမျိုးမျိုး နှင့် ထောက်ပံ့ရေးပစ္စည်းများ ပံ့ပိုးပေးရန် ကြိုးပမ်းမှုများကို တားဆီးနိုင်မည်မဟုတ်ကြောင်းလည်း ပူတင်က မှတ်ချက်ပြုခဲ့သည်။ 

ယူကရိန်းနှင့် စစ်ပွဲတွင် ရုရှားစစ်တပ်မှာ အီလက်ထရွန်းနစ်ဆိုင်ရာ ကိရိယာများကဲ့သို့သော နည်းပညာမြင့် ဆော့ဒ်ဝဲလ်များ ချို့ယွင်းနိုင်မှုများ ရှိနိုင်သော်လည်း အဆိုပါကိစ္စများကို အချိန်နှင့်နေရာအလိုက်ကြည့်ရှုကာ လုပ်ဆောင်သွားမည်ဟု ပူတင်က ကတိပြုခဲ့ကြောင်းလည်း သိရသည်။


တိုက်ခိုက်ရေးဇုန်အတွင်းရှိသော တပ်ဖွဲ့ဝင်(၂၄၄ဝဝဝ) သည် ၂ဝ၂၂ ခုနှစ် စက်တင်ဘာလတွင် လုပ်ဆောင်ခဲ့သော ရုရှား၏ စစ်သားစုဆောင်းရေးတစ်စိတ်တစ်ပိုင်းအတွင်း ပါဝင်ခဲ့သူများဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။ ၎င်းတို့အားလုံးကို အခြေအနေများတည်ငြိမ်စေရန်၊ နယ်မြေသစ်များကို ကာကွယ်ရန် နှင့် နောက်ထပ်ထိုးစစ်ဆင်မှု များ လုပ်ဆောင်ရန်အတွက် ဖြန့်ကျက်ချထားခဲ့ခြင်းဖြစ်ကြောင်း ပူတင် က ပြောခဲ့သည်။

အဆိုပါအချိန်တွင် ရုရှားအစိုးရသည် တပ်ဖွဲ့ဝင်သစ်(၃)သိန်းကို စုဆောင်းခဲ့ကြောင်းလည်း သိရသည်။ သို့သော် လည်း လူပေါင်း(၄၁ဝဝဝ) သည် ကျန်းမာရေးအကြောင်းပြချက် (သို့မဟုတ်) သတ်မှတ်ထားသော အသက်အရွယ်ကို ကျော်လွန်နေသောကြောင့် ထုတ်ပစ်ခဲ့ရကြောင်း ပူတင်က ပြောခဲ့သည်။ 

အာဏာပိုင်များသည် ကြီးမားသော စစ်သားစုဆောင်းရေး လုပ်ဆောင်မှုအတွင်း နောက်ထပ် စစ်သား (၄၈၆ဝဝဝ) ခန့်ကို စာရင်းသွင်းထားပြီး ၎င်းတို့မှာ စစ်မှုထမ်းရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပူတင်က မှတ်ချက်ပြု ပြောခဲ့သည်။ သို့သော်လည်း ရှေ့တန်းစစ်မြေမျက်နှာပြင်တွင် အဆိုပါစစ်သားများအနက်မှ မည်မျှကို တပ်ဖြန့်ထား ကြောင်း နှင့် လေကျင့်ရေးများ လုပ်ဆောင်နေခြင်း (သို့မဟုတ်) မည်သည့်နေရာများတွင် တပ်စွဲထားသည်ဆိုသည့် အချက်ကို ပူတင်က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုး မရှိခဲ့ကြောင်း သိရသည်။ 

ထို့အပြင် ပြီးခဲ့သည့်ဇွန်လ အစောပိုင်းတွင် စတင်ခဲ့သော ယူကရိန်း၏ တန်ပြန်ထိုးစစ်ဆင်မှုများမှာ အောင်မြင်ခဲ့ ခြင်းမျိုးမရှိခဲ့သည့်အပြင် မည်သည့်နယ်မြေကိုမှ ပြန်လည်သိမ်းယူနိုင်ခြင်းမျိုးမရှိခဲ့ကြောင်း ပူတင်က ပြောခဲ့သည်။ တန်ပြန်ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်ချိန်မှစတင်ပြီး လက်ရှိအချိန်အထိ ယူကရိန်းသည် တပ်ဖွဲ့ဝင် (၁၂၅ဝဝဝ)ကျော်ကို ဆုံးရှုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဆာဂေးရှိုဂူက ယခုလအစောပိုင်းတွင် ခန့်မှန်းပြောခဲ့သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အီရန်ရှိ ရဲစခန်းတစ်ခုကို သေနတ်သမားများက တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံးလူ(၁၁)ဦး သေဆုံး

RELATED POSTS
RECENT POSTS
မနက်ဖြန်မှစ၍ စားအုန်းဆီ အိမ်အရောက်ပို့သည့်စနစ်၌ ဆီပိဿာချိန် နှင့် သယ်ယူပို့ဆောင်ခ အနည်းငယ် ပြောင်းလဲမည်
22 Sep 2024
ဒါဇင်နဲ့ချီတဲ့ အစ္စရေးစစ်လေယာဉ်တွေက လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကြီးမားတဲ့လေကြောင်း တိုက်ခိုက်မှု ပြုလုပ်
22 Sep 2024
ဒုတိယအကြိမ်မြောက်စကားစစ်ထိုးပွဲ လုပ်ဆောင်ဖို့အတွက် ဒီမိုကရက်တစ်သမ္မတလောင်း ကာမာလာဟားရစ်ရဲ့ တောင်းဆိုမှုကို ဒေါ်နယ်ထရမ့် ငြင်းဆန်ပယ်ချ
22 Sep 2024
နိုင်ငံတော်အစိုးရအနေဖြင့် ရေဘေးကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ငွေကျပ် ၃ဝ ဘီလျံ သုံးစွဲရန် လျာထား
22 Sep 2024
မန္တလေးနဲ့ ငါးမိုင်အကွာက PDF အသိုက်ကို တပ်မတော် ဝင်ရှင်းပြီ၊ ထုတ်ပြန်ချက်အပြီးမှာ MNDAA တို့ စစ်သား အဓမ္မစုဆောင်းမှုလုပ်နေပြီ၊ ရထားရဲကို ရက်ရက်စက်စက် သတ်ခဲ့သူ ငါးဦးက နိုင်ငံရေးသမား/ဒီမိုကရေစီသမားတွေတဲ့လား၊ ရခိုင်မှာ အရက်ဘီယာ မရောင်းရဆိုတဲ့ AA (၂၁-၉-၂ဝ၂၄)
22 Sep 2024
ဂျပန်နိုင်ငံအလယ်ပိုင်း၊ အိုက်ရှီကာဝါမှာ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုတွေကြောင့် ပျောက်ဆုံး သေဆုံးသူများရှိနေ
22 Sep 2024
မိုးကုတ်-မိုးမိတ်မှာ သပြေပန်းတွေ အစွမ်းပြပြီ၊ တောင်ဒဂုံ အုပ်ကြီးတို့ သတ်ဖြတ်ခံရမှု နဲ့ အုပ်ကြီးတို့ သတိပြုစရာများ၊ KIA ၊ PDF ဖျက်ဆီးတဲ့ သင်္ဘော (၆) စင်း နဲ့ ဖားကန့် တိုက်ပွဲ၊ ရေ‌ဘေး သေဆုံး ပျက်စီးမှုစာရင်း (၂ဝ-၉-၂ဝ၂၄)
21 Sep 2024
ရေဘေးသင့်ဒေသရှိ ပြည်သူများအတွက် အော်ပရေတာ(၄)ခုမှ ဖုန်းပြောဆိုခွင့်နှင့် စာတိုပေးပို့ခွင့်များ ထပ်မံတိုးချဲ့ပေးထား
21 Sep 2024
လက်နက်ချအညံ့ခံဖို့ Maoist သူပုန်အဖွဲ့ကို အိန္ဒိယအစိုးရသတိပေး
21 Sep 2024
ရန်ကုန် မှ မန္တလေးအထိ လူစီးနှင့်ကုန်ရထားများ အမြန်ဆုံးပြေးဆွဲနိုင်ရန် အတွက် ပြင်ဆင်ရေးလုပ်ငန်းကို ဆောင်ရွက်နေ
21 Sep 2024
နျူကလီးယားစွန့်ပစ်ပစ္စည်းများနဲ့ပတ်သက်ပြီး ဂျပန်နှင့်တရုတ်တို့ကြား သဘောတူညီချက်တစ်ခုရရှိ
21 Sep 2024
ရွှေ့ပြောင်းမြန်မာအလုပ်သမားများနှင့်ပတ်သက်၍ ထိုင်းတွင် ပွဲဆူနေသည့်အပေါ် ယခင်ထက်ပိုမိုသတိထားနေထိုင်ရန် လိုအပ်လာ
21 Sep 2024
ရန်ကုန်တွင် စက်သုံးဆီ ပြတ်လပ်မှု ထပ်မံဖြစ်ပေါ်နေပြီး ဗဟိုဘဏ်က ဒေါ်လာသန်း (၃ဝ) ရောင်းပေးမည်
20 Sep 2024
လက်နက်ကိုင်များသိမ်းပိုက်ထားသော နယ်မြေတွင် နေထိုင်သူများအနေဖြင့် သတိရှိရန်လိုအပ်ပြီး ရောနှောနေထိုင်ခြင်းမပြုသင့်ကြောင်း အကြံပြု
20 Sep 2024
မွန်ဂိုလီးယားအတွက် ရုရှားနှင့် တရုတ်သည်သာ အခရာ
20 Sep 2024
ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို အကြမ်းဖက်သမား(၃)ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု ရန်ကုန်၌ဖြစ်ပွား
20 Sep 2024
အိန္ဒိယကောလိပ်ကျောင်းသားတစ်ဦးက ကမ္ဘာ့အသေးဆုံး ဖုန်စုပ်စက်ကို တီထွင်ခဲ့ပြီး ကမ္ဘာ့ဂင်းနစ် စံချိန်ချိုးဖျက်
20 Sep 2024
ထွန်းထွန်းမင်း၏ မြန်မာ့လက်ဝှေ့ကမ္ဘာ့ ချန်ပီယံခါးပတ်ကို လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း (၅ဝဝ)ဖြင့် လေလံအောင်
20 Sep 2024
ရှမ်းမြောက်(အရှေ့ မြောက်ဒေသ) စစ်ဆင်ရေး၏ အဆုတ်-အတက် နှင့် မြန်မာ့နိုင်ငံရေးကို ရှေ့သို့ မျှော်ကြည့်ခြင်း (အပိုင်း-၅)
20 Sep 2024
အောက်တိုဘာလမှာ တစ်ကိုယ်တော်သီချင်း ထပ်မံထွက်ရှိလာမယ့် Blackpink အဖွဲ့ဝင် ဂျင်းနီ
20 Sep 2024
FOLLOW US

Copyright © News Services Station | All Right Reserved