ယူကေအစိုးရက မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့မည်
Pearl (NSS) - ဒီဇင်ဘာ ၁၅
ယူကေအစိုးရက မြန်မာနိုင်ငံအတွင်းရှိ ဒုက္ခသည်များကို အမေရိကန်ဒေါ်လာ ၅ သန်းကျော် ထောက်ပံ့မည်ဖြစ်ကြောင်း ယူကေသံရုံးက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးက ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတစ်ဝှမ်းရှိ လိုအပ်နေသူများအတွက် မရှိမဖြစ်လိုအပ်သော ရေသန့်၊ စားနပ်ရိက္ခာနှင့် အမိုးအကာများ ရရှိရေးအတွက် အကူအညီပေးရန် ရန်ပုံငွေအသစ်အဖြစ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၇ သန်း (စတာလင်ပေါင် ၄ ဒသမ ၅ သန်း)ကို ထောက်ပံ့မည်ဖြစ်ကြောင်း ယူကေသံရုံးက ပြောသည်။
အဆိုပါကြေညာချက်သည် ဘင်္ဂါလီများ အပါအဝင် ဒုက္ခသည်များအားလုံးအတွက် ယူကေအစိုးရ၏ အကူအညီပေးရေး အစီ အစဉ် တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Andrew Mitchell က “ ယနေ့ ကြေညာတဲ့အထောက်အပံ့များဟာ ရပ်ရွာတစ်ခုလုံး ရှင်သန်ဖွံ့ဖြိုးလာစေဖို့ အိမ်ရှင်နိုင်ငံများလိုအပ်နေတဲ့ အကူအညီတွေကို ပံ့ပိုးပေးမှာဖြစ်ပြီး ခေါင်းပုံဖြတ်ခံရမှုအန္တရာယ်ကိုပါ လျှော့ချပေးရာ ရောက်မှာဖြစ်ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ အခြေအနေပေးလို့ နေရပ်ပြန်တဲ့အခါ ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်စေဖို့ ၊ ပညာရေးနဲ့ ကျွမ်းကျင်မှုတွေရရှိနိုင်စေဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်”ဟု ပြောသည်။
လက်ရှိတွင် နိုင်ငံအတွင်း၌ တပ်မတော်နှင့် လက်နက်ကိုင်များကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး စစ်ဘေးရှောင်ဦးရေမှာ သိန်းနှင့်ချီကာ ရှိကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုများ ကျဆင်းလာနေကြောင်း ကုလသမဂ္ဂက အစီရင်ခံစာတစ်ခု ထုတ်ပြန်
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း