အမေရိကန်မှာ ကောလိပ်ကျောင်းသူတစ်ဦး ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု သံသယနဲ့သေဆုံး
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၅
အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မှာ Evergreen State College မှ ကျောင်းသူတစ်ဦး တနင်္လာနေ့(ဒီဇင်ဘာ ၁၁ ရက်) ညက ကျောင်းရဲ့အဆောက်အဦးတစ်ခုအတွင်း ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုသံသယနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်ရပ်ဟာ Student residence manager က ကျောင်းသူကို ဆက်သွယ်မရခြင်းကြောင့် ကျောင်းဝင်း ရဲတပ်ဖွဲ့အကူအညီနဲ့ လိုက်ရှာခဲ့ရကာ အင်္ဂါနေ့ (ဒီဇင်ဘာ ၁၂ ရက်) မှာ သူမရဲ့အလောင်းကို ကျောင်းအဆောက် အဦးတစ်ခုအတွင်း တွေ့ခဲ့ရခြင်းဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ခင်းအစောပိုင်းက ကျောင်းဝင်းအတွင်း အလုပ်လုပ်နေသော ကန်ထရိုက်တာတစ်ဦးက ကာဗွန်မိုနောက်ဆိုဒ် အချက်ပေးသံကြားခဲ့ရတယ်လို့ ဆိုပါတယ်။
အခြားကျောင်းသား ၂ ဦးလည်း သူမအနီး မေ့လဲနေတာကို တွေ့ခဲ့ရပါတယ်။ ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်မှုဟာ ယခုနှစ်အတွင်း တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သေဆုံးမှုများစွာ ရှိနေပါတယ်။ ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်မှု ဟာ လေဝင်လေထွက် အားနည်းတဲ့နေရာတွေမှာ ဓာတ်ငွေ့တွေ စုပုံလာခြင်းကြောင့် ဖြစ်တတ်ပါတယ်။
ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဗဟိုဌာနရဲ့အဆိုအရ နှစ်စဉ် အမေရိကန်နိုင်ငံသား ၄ဝဝ ကျော်ဟာ ကာဗွန်မို နောက်ဆိုဒ်ကြောင့် သေဆုံးနေကြရတယ်လို့ သိရပါတယ်။
ကာဗွန်မိုနောက်ဆိုဒ်အဆိပ်သင့်ခြင်းမှာ အနံ့၊ အရသာ (သို့မဟုတ်) အရောင်အသွေးမရှိပေမယ့် ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ တုပ်ကွေး စတဲ့လက္ခဏာတွေ ပေါ်လာလေ့ရှိပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်လာတတ်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မူဆယ်(၁ဝ၅)မိုင် တစ်ဝိုက်မှာ တိုက်ပွဲတွေဖြစ်နေဆဲ၊ ဖမ်းဝရမ်းထုတ်ထားသူတွေကို တရုတ်ဘက်က တောင်းဆိုနေသလား၊ GMS အစည်းအဝေးကို အသည်းအသန်ကန့်ကွက်တဲ့ စစ်တပ်မုန်းတီးရေးစိတ်ရောဂါရှင်များ (၁၄-၁၂-၂ဝ၂၃)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ