ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရဲစခန်းတွင် ပေါက် ကွဲမှု (၂) ကြိမ်ဖြစ်ပွား
ကျော် (NSS) - ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရဲစခန်းတွင် ယမန်နေ့ (ဒီဇင်ဘာလ ၁၃ ရက်) ညပိုင်းက ပေါက်ကွဲမှု(၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
ယမန်နေ့ ည ၈ နာရီ ၅၀ မိနစ်ခန့်က ရွှေပြည်သာမြို့နယ်၊အမှတ် (၈)ရပ်ကွက်ရှိ တော်ဝင်ရဲစခန်း၌ ပေါက်ကွဲမှု(၂)ကြိမ်ဖြစ် ပွားခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားပြီးချိန်၌ ပစ်ခတ်မှုအချို့ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
"ရဲစခန်းမှာပေါက်ကွဲမှုဖြစ်တယ်လို့ကြားရတယ်။ ပြန်ကြားရသလောက်ဆိုရင် ရဲစခန်းရှေ့က ဘန်ကာကိုပဲမှန်သွားတာလို့သိရပါတယ်။ ပေါက်ကွဲသံတွေကြားပြီးတော့ သေနတ်ပစ်သံအနည်းအကျဥ်းလည်းကြားရတယ်"ဟု ရွှေပြည်သာမြို့ခံတစ်ဦးကပြော သည်။
ပေါက်ကွဲမှုကြောင့် ရဲစခန်းရှေ့ရှိ ဘန်ကာနှင့်အနီးပတ်ဝန်းကျင်ရှိ နေအိမ်အချို့သည် ပေါက်ကွဲမှုမှလွင့်စင်လာသည့် အစများထိမှန်မှုသာရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
"ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး။ ဖြစ်ပြီးပြီးချင်းမှာတော့ လမ်းကိုယာယီပိတ်ပြီး စစ်ဆေးတာတွေလုပ်နေကြတာတွေ့တယ်။ အဲဒီနားက စျေးဆိုင်တွေဆိုရင် ချက်ခြင်းပိတ်လိုက်ကြတယ်"ဟု ရွှေပြည်သာမြို့ခံတစ်ဦးက ပြောသည်။
လုံခြုံရေးအဖွဲ့ဝင်များကလည်း လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
သထုံမြို့နယ်ရှိ အလယ်တန်းကျောင်းတစ်ကျောင်း၏ ကျောင်းအုပ်ထံ PDF အဖွဲ့က ခြိမ်းခြောက်စာပို့
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ