လာမည့်နှစ်တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၅ သန်းကျော်ကို စားနပ် ရိက္ခာ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှုများပေးရန် စီစဥ်ထားကြောင်း UNOCHA အသိပေး
ယွန်း (NSS) - ဒီဇင်ဘာ ၁၄
လာမည့်နှစ် (၂၀၂၄)တွင် မြန်မာနိုင်ငံရှိ လူဦးရေ ၅ ဒသမ ၃ သန်းကျော်ကို စားနပ်ရိက္ခာ အပါအဝင် ကျန်းမာရေးစောင့် ရှောက်မှုများပေးရန် လူသားချင်းစာနာမှုလုပ်ဆောင်နေသူများက စီစဥ်ထားကြောင်း UNOCHA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သည့် UNOCHA ၏ အဆိုပြုလွှာတွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ လူဦးရေ ၅ ဒသမ ၃ သန်းကို စားနပ်ရိက္ခာ အပါအဝင် ရေ၊ အမိုးအကာ၊ ကျန်းမာရေးစောင့် ရှောက်မှုများနှင့် ကာကွယ်စောင့်ရှောက်ရေးအကူအညီများပေးရန် လူသားချင်းစာနာမှုလုပ်ဆောင်နေသူများက စီစဥ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အဆိုပါ လူမှုဘဝကယ်ဆယ်ရေးများကို ပံ့ပိုးကူညီရန်အတွက် အမေရိကန်ဒေါ်လာ(၉၉၄)သန်းလိုအပ်ကြောင်း UNOCHA ကဆိုထားသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလနှောင်းပိုင်းမှစ၍ ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ရှမ်း၊ ကယား၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ ပဲခူးတိုင်း၊ ကရင်၊မွန် နှင့် တနင်္သာရီတို့တွင် ပြည်သူ (၅၇၈၀၀၀) ကျော်သည် လတ်တလောနေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများကြောင့် အရေးပါသည့်သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ပြတ်တောက်လျက်ရှိပြီး အရပ်သား ရွှေ့ပြောင်းသွားလာမှု နှင့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန် အဟန့်အတားများဖြစ်ပေါ်နေကြောင်း ကုလသမဂ္ဂအဖွဲ့က ဆိုထားသည်။
၂ဝ၂၃ ခုနှစ် နိုဝင်ဘာလ(၉)ရက်အထိ ကုလသမဂ္ဂ၏နောက်ဆုံးကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ (၂) သန်းကျော်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရွှေပြည်သာမြို့နယ်၊ အမှတ်(၈)ရပ်ကွက်ရှိ ရဲစခန်းတွင် ပေါက် ကွဲမှု (၂) ကြိမ်ဖြစ်ပွား
RELATED POSTS
21 Sep 2024 | အထွေထွေ,ပြည်တွင်း
21 Sep 2024 | အထွေထွေ,နိုင်ငံတကာ
20 Sep 2024 | အထွေထွေ,ပြည်တွင်း
19 Sep 2024 | အထွေထွေ,ပြည်တွင်း