စင်ကာပူမှာ အသက် ၁၅ နှစ်အရွယ်မိန်းကလေးက ၎င်းရဲ့မွေးကင်းစရင်သွေးကို မြေမြုပ်လက်စဖျောက်မှုဖြစ်ပွားခဲ့
ရောင်နီ (NSS) - ဒီဇင်ဘာ ၁၃
စင်ကာပူမှာ ၂ဝ၂၁ ခုနှစ်က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ သူမမွေးဖွားခဲ့တဲ့ မွေးကင်းစ ကလေးငယ်ကို မွေးပြီးပြီးချင်း မြေမြုပ်လက်စဖျောက်ခဲ့မှုဖြစ်ခဲ့ပါတယ်။
အကြောင်းကတော့ ၂ဝ၂ဝ ပြည့်နှစ်က အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးနဲ့ အသက် ၁၅ နှစ်အရွယ် မိန်းကလေးစုံတွဲဟာ လူငယ်သဘာဝ အတူနေမိခဲ့ပြီးနောက် မိန်းကလေးဟာ ကိုယ်ဝန်ရခဲ့ပါတယ်။ ၂ဝ၂၁ ခုနှစ်မှာ မိန်းကလေးဟာ ကိုယ်ဝန်ကြောင့် အွန်လိုင်းမှာ တွေ့ရှိတဲ့နည်းလမ်းတွေကို အသုံးပြုပြီး သန္ဓေသားကို ကိုယ်ဝန် ဖျက်ချဖို့ ကြိုးစားခဲ့ပေမယ့် ကိုယ်ဝန်ခြောက်လမှာပဲ ကလေးမီးဖွားခဲ့ပါတယ်။
မီးဖွားပြီးနောက် မိသားစုဝင်တွေ သိသွားမှာကို စိုးရိမ်တာကြောင့် ကလေးအချင်းကို အတုံးသေးသေးလေးတွေ တုံးပြီးစွန့်ပစ်ကာ မွေးကင်းစကလေးငယ်ကို သူမအိမ်ရဲ့ဥယျာဉ်ထဲမှာပဲ မြှုပ်နှံပြီး လက်စဖျောက်ခဲ့ပါတယ်။ အဲဒီနောက် ၂ဝ၂၂ ခုနှစ်မှာ ၎င်းတို့စုံတွဲ လမ်းခွဲခဲ့ကြပါတယ်။ အခု အသက် ၁၈ နှစ် ရှိပြီဖြစ်တဲ့မိန်းကလေးကတော့ အချိန်အတော်ကြာ အပြစ်ရှိသလို ခံစားခဲ့ရပြီး သူမကိုယ်တိုင်ပဲ ရဲစခန်းမှာ ဖွင့်ဟဝန်ခံခဲ့တာဖြစ်ပါတယ်။
စင်ကာပူမှာ ကလေးမွေးဖွားမှုကို ဖုံးကွယ်ခြင်းအတွက် ပြစ်ဒဏ် အမြင့်ဆုံး ထောင်ဒဏ် နှစ်နှစ်၊ ငွေဒဏ် (သို့မဟုတ်) ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပြီး အရွယ်မရောက်သေးသူကို လိင်ပိုင်းဆိုင်ရာ ဖောက်ဖျက်ကျူးလွန် မှုအတွက် ထောင်ဒဏ် အနှစ် ၂ဝ (သို့) ငွေဒဏ် (သို့) ကြိမ်ဒဏ် ချမှတ်နိုင်တယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြောက်ပိုင်း(၃)ဖွဲ့နဲ့ နစကရဲ့သဘောတူညီချက်ဆိုသော သတင်းအစအန ထွက်ပေါ်၊ PDF နဲ့ အပေါင်းအပါတွေရဲ့မြို့သိမ်းမဟုတ်သော ဓါးပြတိုက်မြို့ဖျက်မှုများ၊ ပြည်ပရောက်မြန်မာတွေရဲ့ ညည်းတွားသံ (၁၃-၁၂-၂ဝ၂၃)
RELATED POSTS
18 Sep 2024 | မှုခင်း,ပြည်တွင်း
17 Sep 2024 | မှုခင်း,နိုင်ငံတကာ