မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်း (၅)မျိုး ဖွင့်လှစ်သင်ကြားပေးမည်
စော (NSS) - ဒီဇင်ဘာ ၁၃
မသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကြောင်း သင်တန်း (၅)မျိုးကို မသန်စွမ်းသက်ကြီးသင်တန်းကျောင်း၌ ဖွင့်လှစ် သင် ကြားပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာနထံမှ သိရသည်။
အဆိုပါ သင်တန်း (၅)မျိုးသည် စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း နှင့် ကွန်ပျူတာသင်တန်းများဖြစ်ပြီး လာမည့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်တွင် မသန်စွမ်းသက်ကြီးသင်တန်းကျောင်း (ရန်ကုန်)၌ သင် ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းသင်တန်းများကို အသက် (၁၈)နှစ်မှ (၄၅)နှစ်အတွင်းရှိသော ကိုယ်အင်္ဂါမသန်စွမ်းသူများ တက်ရောက်နိုင်ကြောင်း သိရသည်။
လျှောက်ထားလိုသူများသည် ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် (၆၅)သို့ တိုက်ရိုက် လျှောက် ထားနိုင်ကြောင်း သိရသည်။
သင်တန်းတက်ရောက်ခွင့်ရရှိသူများကို သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း နေထိုင်ရေး နှင့် စားသောက်ရေး အပါအ ဝင် သင်ထောက်ကူပစ္စည်းများလည်း စီစဉ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် နယ်မှလာသော သင်တန်းသားများအား ရန်ကုန်မြို့သို့ လာသော အသွားခရီးစရိတ်နှင့် အပြန်ခရီးစရိတ်များကိုလည်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးစစ်တပ်က ဟားမက်လက်နက်ကိုင်အဖွဲ့၏ ဥမင်လှိုဏ်ခေါင်းများကို ပင်လယ်ရေများဖြင့် ဖုံးလွှမ်းသွားအောင် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း WSJ သတင်းစာဖော်ပြ
RELATED POSTS
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,ပြည်တွင်း
18 Sep 2024 | လူမှုရေး,နိုင်ငံတကာ