Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
အနောက်အုပ်စုနိုင်ငံများက ယူကရိန်းသမ္မတဇီလန်စကီး၏နေရာတွင် အစားထိုးမှုများ လုပ်ဆောင်ချင်နေကြကြောင်း ရုရှားထိပ်တန်းထောက်လှမ်းရေးပြော

Pika (NSS) - ဒီဇင်ဘာ ၁၂ 

အနောက်အုပ်စုနိုင်ငံများ၏ တာဝန်ရှိသူများသည် ယူကရိန်းသမ္မတဇီလန်စကီးကို အာဏာမှဖယ်ရှားရန် အလားအလာများကို ဆွေးနွေးနေကြောင်း ရုရှား၏ နိုင်ငံခြားရေးထောက်လှမ်းရေးဝန်ဆောင်မှုဌာန(SVR) အကြီးအကဲ Sergey Naryshkin က ဒီဇင်ဘာလ(၁၁)ရက်တွင် ထုတ်ပြန်ခဲ့သည်။


ထို့အပြင် ယူကရိန်းသမ္မတဇီလန်စကီးကို အာဏာမှဖယ်ရှားချင်သည့် အကြောင်းအရင်းများစွာရှိကြောင်း နှင့် အဓိကအထင်ရှားဆုံးအကြောင်းအရင်းမှာ အနောက်အုပ်စုနိုင်ငံများ၏ အကျိုးစီးပွားများကို ထိခိုက်မှုများရှိလာ စေခြင်းကြောင့်ဖြစ်နိုင်ကြောင်း Sergey Naryshkin က ပြောခဲ့သည်။

Sergey Naryshkin က "ယူကရိန်းစစ်ပွဲအခြေအနေတွေဟာ ပြောင်းလဲမှုတွေ အများကြီးရှိလာတဲ့အတွက် ပဋိပက္ခ ရပ်တန့်မယ့်အလားအလာတွေ မကြာမီဖြစ်လာနိုင်ဖွယ်ရှိနေတယ်" ဟု ပြောခဲ့သည်။

ရုရှားနှင့်ဆက်လက်ဖြစ်ပွားနေသော စစ်ပွဲတွင် ယူကရိန်းသမ္မတဇီလန်စကီးသည် ၎င်း၏ ကတိဝတ်များ အတိုင်း လုပ်ဆောင်နိုင်ခဲ့ခြင်းမျိုးမရှိခဲ့ခြင်းကြောင့် အနောက်အုပ်စုနိုင်ငံများက ၎င်းကို အာဏာမှဖယ်ရှားပစ်ရန် စဉ်းစားခဲ့ခြင်းဖြစ်နိုင်ဖွယ်ရှိကြောင်း Sergey Naryshkin က ပြောခဲ့သည်။ 

ယူကရိန်းတွင် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေသော အကျင့်ပျက်ခြစားမှုများနှင့် နိုင်ငံရပ်ခြားမှ ထောက်ခံသူများနှင့် ပြောဆိုဆက်ဆံရာတွင် ဇီလန်စကီး၏ မလေးစားမှုတို့ကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိကြောင်း Sergey Naryshkin က ပြောခဲ့သည်။ 

ရုရှားနိုင်ငံတွင် သမ္မတပူတင်အာဏာဆက်ယူထားသရွေ့ ဆွေးနွေးပွဲများ လုပ်ဆောင်မည်မဟုတ်ဟုဆိုသည့် အမိန့်စာကို ဇီလန်စကီးက ပြီးခဲ့သည့်နှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ က ဘရပ်ဆဲလ်မြို့တွင် ကျင်းပခဲ့သည့် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး အနားယူချိန်အတွင်း ဇီလန်စကီး၏ နေရာအတွက် အခြားရွေးချယ်စရာများကို ဆွေးနွေးခဲ့ကြကြောင်း Sergey Naryshkin က အခိုင်အမာပြောခဲ့သည်။

ထို့အပြင် ဖြစ်နိုင်ခြေရှိသော ရွေးချယ်မှုများထဲတွင် ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် Valery Zaluzhny၊ စစ်ဘက်ထောက်လှမ်းရေးအကြီးအကဲ Kirill Budanov၊ ယူကရိန်းသမ္မတရုံးအကြီးအကဲ Andrey Ermak (သို့မဟုတ်) ကိဗ်ယက်မြို့တော်ဝန် ဗစ်တာလီကလစ်စကိုပင် ပါဝင်ကြောင်း သိရသည်။ ယူကရိန်းသည် တန်ပြန်ထိုးစစ်ဆင်မှုများကို ရှုံးနိမ့်ခဲ့မှုနှင့်အတူ ရုရှားတပ်ဖွဲ့များသည် ရှေ့တန်းစစ်မြေပြင်တစ်လျှောက်တွင် ထိုးစစ်ဆင်မှုများကို ဆက်တိုက်လုပ်ဆောင်နေကြောင်း ယူကရိန်းဗိုလ်မှူးကြီး Aleksandr Syrsky က ပြောကြားခဲ့ သည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

စမ်းချောင်းမြိုနယ်ရှိ အထပ်မြင့်တိုက်ခန်းတစ်ခုတွင် ပန်ကာဝါယာရှော့ဖြစ်ရာမှ မီးလောင်မှုဖြစ်ပွား

RELATED POSTS
RECENT POSTS
မိုးကုန်တော့မည်ဖြစ်သော်လည်း နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း(၈)မြို့နယ်ထက်မနည်း ရေဘေးကြုံနေဆဲဖြစ်
04 Oct 2024
စပိန်နိုင်ငံမှဝယ်ယူထားသော DEMU ရထားသစ်များ ညစ်ပတ်၊ ထိခိုက်ပျက်စီးမှုမရှိစေရန် စည်းကမ်းထိန်းသိမ်းခြင်းများ ဆောင်ရွက်နေ
04 Oct 2024
ကွန်တိန်နာတစ်စီးက ဓာတ်တိုင်ကိုဝင်တိုက်မှုကြောင့် ဓာတ်တိုင်(၅)တိုင်လဲကာ လျှပ်စစ်မီးပြတ်တောက်မှု ရန်ကုန်၌ ဖြစ်ပွားခဲ့
04 Oct 2024
ကမ္ဘာ့အသေးဆုံးနိုင်ငံ (သို့မဟုတ်) မြို့အတွင်းက နိုင်ငံ (ဗဟုသုတဆောင်းပါး)
04 Oct 2024
ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီများ ၃ နှင့် ၄ ကဲ့သို့နီးလျက်နှင့် ထိတွေ့မှုနည်းနေ
04 Oct 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ်ပွဲစဉ် (၇) ပွဲကြိုသုံးသပ်ချက်များ
04 Oct 2024
ပဲ့ကိုင်ရှင်သစ် ခေါင်းဆောင် "တိုလမ်"လက်ထက် ဗီယက်နမ်နိုင်ငံအတွက် မျှော်လင့်ချက်သစ်များ
04 Oct 2024
တရုတ်မှာ ရှားပါးသားအိမ်နှစ်ခုနဲ့ အမျိုးသမီး အမြွှာမွေးဖွား
04 Oct 2024
Stranger Things သရုပ်ဆောင် မင်းသမီး မီလီဘော်ဘီဘရောင်း၊ ချစ်သူ ဂျတ်ဘွန်ဂျီအိုဗီနဲ့အီတလီမှာ မင်္ဂလာပွဲကျင်းပ
04 Oct 2024
(၉)တန်းအထိသာ ပညာသင်ယူခဲ့သော်လည်း နှစ်ပေါင်း(၂၀) တိတိ ဆရာဝန်အဖြစ် ဟန်ဆောင်လုပ်ကိုင်ခဲ့တဲ့ ထိုင်းအမျိုးသား
03 Oct 2024
စင်ကာပူနိုင်ငံ၏ ကိုယ်ပိုင်ကျောင်းများဆိုင်ရာ စံသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့် ဘက်စုံစီမံခန့်ခွဲမှုများ (ဆောင်းပါး)
03 Oct 2024
အောင်ဘာလေအွန်လိုင်းထီကို တစ်လလျှင်နှစ်ကြိမ်ဖွင့်လှစ်မည်
03 Oct 2024
ရေဘေးအလွန် ပြန်လည်ထူထောင်ရေးမှာ ဆေးရုံတွေ ၊ ကျောင်းတွေ ၊ အရေးကြီးတဲ့ ဌာနဆိုင်ရာတွေအတွက် Township Plan သေချာဆွဲသင့်တယ် (အင်တာ‌ဗျူး)
03 Oct 2024
ရွေးကောက်ပွဲ အလွန် မြန်မာ့နိုင်ငံရေး (ဆောင်းပါး)
03 Oct 2024
အနောက်ကို စုစည်းရင်ဆိုင်မည့် ရုရှား-အီရန် မိတ်ဖက်ဆက်ဆံရေး (ဘာသာပြန်ဆောင်းပါး)
03 Oct 2024
စပိန်နိုင်ငံထုတ် ရထားတွဲဆိုင်းသစ်များဖြင့် ရန်ကုန်-ပဲခူးခရီးစဉ် စတင်ပြေးဆွဲ
03 Oct 2024
ယခုနှစ်အတွင်း ရေကြီးရေလျှံမှု(၂)ကြိမ်ဖြစ်ပွားခဲ့သော တောင်ငူမြို့တွင် အနိမ့်ပိုင်းရပ်ကွက်အချို့၌ ရေပြန်လည်ဝင်ရောက်နေ
03 Oct 2024
ကုန်ဈေးနှုန်းကြီးမြင့်ခြင်း နှင့် တိုးပွားလာသော လုယက်မှုများက ရန်ကုန်မြို့ရှိ အခြေခံနှင့်လူလတ်တန်းစားများအတွက် ရေနစ်သူကိုဝါးကူထိုးသကဲ့သို့ ဖြစ်နေ
03 Oct 2024
ပြည်လမ်းမကြီးပေါ်မှ တန်ဖိုးကြီးမြေကွက်များ (၁ဝ)ခုထက်မနည်းပြန်လည်ရောင်းထုတ်မှုရှိနေ
03 Oct 2024
နိုင်ငံကူးလက်မှတ်နှင့်ပတ်သက်၍ လူမှုကွန်ယက်စာမျက်နှာများထက်တွင် ပုံစံမျိုးစုံဖြင့် လိမ်လည်နေသူများကို ဖော်ထုတ်အရေးယူရန်လို
03 Oct 2024
FOLLOW US

Copyright © News Services Station | All Right Reserved